Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်မှာ စစ်တပ်လေကြောင်းကင်းထောက်နေလို့ စာသင်ကျောင်းနဲ့ ဈေးအချို့ အရေးပေါ်ပိတ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နဲ့ သိန္နီမြို့ကို စစ်တပ်က လေကြောင်းကနေ ကင်းထောက် နေလို့ စာသင်ကျောင်းအချို့နဲ့ ဈေးအချို့ကို အရေးပေါ်ပိတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

(သရပ်ချောင်းမှာ ပျက်ကျခဲ့တဲ့ စစ်တပ်၏ ကင်းထောက် လေယာဥ်။ ဓါတ်ပုံ-DWC)

အောက်တိုဘာ-၂၃၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နဲ့ သိန္နီမြို့ကို စစ်တပ်က လေကြောင်းကနေ ကင်းထောက် နေလို့ စာသင်ကျောင်းအချို့နဲ့ ဈေးအချို့ကို အရေးပေါ်ပိတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ဒီ‌နေ့ အောက်တိုဘာ ၂၃ရက် မနက် ၁၀နာရီခန့်မှာ စစ်တပ်ရဲ့ ဗုံးကြဲလေယာဉ် ၁စီးက ကွတ်ခိုင်မြို့နဲ့ သိန္နီမြို့ကို နှစ်ပတ် ပတ်ပျံပြီး ကင်းထောက်သွားတာလို့ မြို့ခံတွေကပြောပါတယ်။

” လေကြောင်းအန္တရာယ်ကိုကြောက်ကြတော့ ကျောင်းနဲ့စျေးတွေပိတ်ပြီး ပြန်ကြတယ်။ တချို့ကတော့မပိတ်ဘူး။ အရမ်းကြောက်နေကြတာလေ။ အခြေအနေတွေကဘာဖြစ်မယ်ဆိုတာလဲ မမှန်းဆနိုင်ကြဘူးဖြစ်နေတယ်ဆိုတော့”လို့ ကွတ်ခိုင်မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကွတ်ခိုင်မြို့နဲ့ သိန္နီမြို့ဟာ လက်ရှိမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ထိန်းချုပ်ထားပါတယ်။

စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်းက မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်လိုပြီး တော်လှန်‌ ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့တွေကို ပြန်လည်တောင်းယူနေပါတယ်။မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းပိုင်းမှာ နောင်ချို၊သီပေါ၊ လားရှိုး၊သန္နီ၊ကွတ်ခိုင်၊မူဆယ်မြို့တို့ပါဝင်ပါတယ်။ စစ်ကောင်စီတပ်က နောင်ချို၊သီပေါနဲ့ လားရှိုးမြို့ကိုပဲ ထိန်းချုပ်ထားနိုင်ပြီး လားရှိုးမြို့ပတ်ဝန်းကျင်ကကျေးရွာတွေနဲ့သန္နီ၊ကွတ်ခိုင်မြို့ကို MNDAA၊နမ့်ဖက်ကာမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊မူဆယ်မြို့နယ်ထဲကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့နဲ့၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(MNDAA၊TNLA၊AA)က ပူးပေါင်းထိန်းချုပ်ထားပါတယ်။

စစ်တပ်က လားရှိူး၊ သီပေါ၊ ‌ကျောက်မဲ၊ ကွတ်ခိုင်၊ နန့်ဖက်ကာနဲ့မူဆယ်မြို့နယ်တွေမှာလည်း မကြာခဏဆိုသလို ကင်းထောက်လေယာဉ်နဲ့ဂျက်ဖိုက်တာပျံသန်းမှုတွေ ရှိခဲ့ပါတယ်။ နမ့်ဖက်ကာမြို့ကို သြဂုတ်လ၁၄ရက်ညပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကွတ်ခိုင်မြို့ကိုလည်း ၂၀၂၅ ဇူလိုင်လ ၃၀ရက်မှာ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားခုနစ်ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာ နိုင်ငံရေးပွဲစားတွေကတစ်ဆင့် အမေရိကန်အစိုးရနဲ့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်း‌ တွေထွက်ပေါ်လာပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရော၊ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ပါ စစ်ရေးလှုပ်ရှားမှုတွေ ယခင်ကထက်ပိုလုပ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျားဖြန့်နှိမ့်နင်းရေးနဲ့ စစ်အာဏာရှင်ကိုအမြစ်ပြတ်အောင် တိုက်ခိုက်မယ်လို့ ကြွေးကျော်ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၂၀၂၃ခုနှစ် အောက်တိုဘာလ၂၇ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေးကိုဖော်ဆောင်ပြီး မြို့သိမ်းတိုက်ပွဲတွေတိုက်ခိုက်ခဲ့တာပါ။ ၁၀၂၇ စစ်ဆင်ရေးစတင်ကြောင်းကို မြောက်ပိုင်းမဟာမိတ်သုံးပွဲက တရုတ်အစိုးရထံအသိပေးခဲ့ပြီး တိုက်ပွဲတွေမှာ တရုတ်ဘက်ကလည်းအကူအညီတွေပေးခဲ့တယ်လို့ စစ်ကောင်စီကထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ တရုတ်အစိုးရရဲ့ ညှိနှိုင်းပေးမှုနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲနဲ့စစ်တပ် အပစ်ရပ်ထားပါတယ်။

နိုင်ငံရေးထွက်ပေါက်ရဖို့အတွက် တရုတ်အစိုးရကိုအားကိုးနေရတဲ့စစ်ကောင်စီကယခုနောက်ပိုင်းမှာ အမေရိကန်အစိုးရနဲ့ ဆက်ဆံမှုတွေရှိလာတဲ့အတွက်ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ရေးအခြေအနေက ထူးခြားမှုတွေရှိလာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့နိုင်ငံရေး လေ့လာသူတွေကတော့သုံးသပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငပြီကျွန်းတိုက်ပွဲ နှစ်ပတ်ကျော်အတွင်း စစ်သား ၁၀၀ ဝန်းကျင် သေဆုံးပြီး ၅၀ ခန့် အဖမ်းခံရ

ဆောင်းပါး

အောက်တိုဘာ ၂၀ ရက်၊ နေ့လယ် ၂ နာရီကျော်က ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမြောက်ပိုင်းက ကပ်ရပ် အိမ်ကလေး ၂ လုံးအနက် တစ်လုံးမှာ လင်ယောကျာ်းသေဆုံးသွားပြီဖြစ်တဲ့ မစိုး(အမည်လွှဲ)နဲ့ သူ့ရဲ့သမီး ၃ ယောက်ရယ်၊ နောက်တစ်အိမ်မှာတော့ မအေးမာနဲ့ သမီး ၃ ယောက်ရယ် ရှိနေကြတယ်။...

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာမှာကနေ စစ်တပ်ထွက်ခွာသွားလို့ ဒေသခံတွေပြန်လည်ဝင်ရောက်စဉ် နေအိမ်တွေနဲ့ခြံဝင်းတွေအတွင်း ဖြစ်သလိုမြှုပ်နှံထားတဲ့ စစ်တပ် ရုပ်အလောင်း ၅၀ နီးပါးတွေ့ရှိလို့ ဒေသခံတွေ ရှင်းလင်းနေရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်တွေမြို့ပေါ်လူနေရပ်ကွက်ကို စစ်တပ်ရဲ့ ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲမှုကြောင့် ၉ ဦးသေဆုံးခဲ့ပြီး ၊ဒဏ်ရာရသူ ၁၆ ဦးရှိတာမှာ ၆ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေ တယ်လို့ မြို့ခံတွေက ပြောပါတယ်။