Hi, what are you looking for?
မနက်ဖြန် ဇူလိုင် ၇ ရက်မှာ ကျရောက်မယ့် ဆဲဗင်းဇူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်ပတ်လည်နေ့ အကြိုအဖြစ် ရွှေဘိုမြို့နယ်အတွင်းမှာ ရွှေဘိုမြို့နယ်သပိတ်အင်အားစု ရဲဘော်တွေနဲ့ ကျောင်းသား ကျောင်းသူ လူငယ်တွေ ပူးပေါင်းကာ အရေးတော်ပုံံမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူတွေကိုဂုဏ်ပြု လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ဇူလိုင် ၆ ရက်က ဆည်တစ်ခုကျိုးကျတာကြောင့် အာဏာပိုင်တွေက အမြင့်ဆုံးအဆင့် အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားလိုက်ရပါတယ်။
လူငယ်တွေ ညဥ့်နက်သန်းခေါင် အပြင်မထွက်ကြဖို့နဲ့ ပေါ်တာဆွဲဖမ်းဆီးခံရပါက ငွေညှစ်ခံရနိုင်ကြောင်း စစ်ကောင်စီတပ်သား ၁ဦးက လူမှုကွန်ရက်ကနေ သတိပေးလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အနယ်နယ်အရပ်ရပ်က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို အငြှိုးတကြီးနဲ့ လိုက်လံဖြိုဖျက်ဆီးနေပြန်ပါတယ်။ ရန်ကုန်က တောင်ဥက္ကလာပ၊ သာကေတ၊ ပဲခူးတိုင်းက ပဲခူးနဲ့ တောင်ငူ၊ ဧရာဝတီတိုင်းက ကျုံပျော်၊ စစ်ကိုင်းတိုင်းက ရေဦး၊ မကွေးတိုင်းက ရေစကြို စတဲ့ဒေသတွေက ဗိုလ်ချုပ်ကြေးရုပ်တွေ လိုက်လံဖြိုဖျက်နေတာပါ။ စစ်အုပ်စုဟာ ဗိုလ်ချုပ်ကြေးရုပ်တွေကို ဖြိုချရုံတင်မကဘဲ မြေမြှုပ်ပစ်ဖို့ပါ...