Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာဆည်ကျိုးပြီးအရေးပေါ် သတိပေး

တရုတ်နိုင်ငံမှာ ဇူလိုင် ၆ ရက်က ဆည်တစ်ခုကျိုးကျတာ​ကြောင့် အာဏာပိုင်​တွေက အမြင့်ဆုံးအဆင့် အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားလိုက်ရပါတယ်။

တရုတ်နိုင်ငံမှာ ဇူလိုင် ၆ ရက်က ဆည်တစ်ခုကျိုးကျတာ​ကြောင့် အာဏာပိုင်​တွေက အမြင့်ဆုံးအဆင့် အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားလိုက်ရပါတယ်။

ဇူလိုင်-၆ ၊၂၀၂၆။People’s Spring

တရုတ်နိုင်ငံမှာ ဇူလိုင် ၆ ရက်က ဆည်တစ်ခုကျိုးကျတာ​ကြောင့် အာဏာပိုင်​တွေက အမြင့်ဆုံးအဆင့် အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားလိုက်ရပါတယ်။

နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုတွေကြောင့် ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့၊ ဟွမ်ကျိုးဧရိယာထဲက လျုလန်းဆည်ကျိုးပေါက်ခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အလတ်စားအရွယ် ရေအားလျှပ်စစ် ထုတ်လုပ်ရေးဆည် ကျိုးပေါက်မှု အပြီးမှာတော့ အရေးပေါ် အခြေအနေ သတိပေးချက်တွေကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားလိုက်တာလို့ တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနကလည်း အတည်ပြုခဲ့ပါတယ်။

ဇူလိုင် ၆ ရက်နေ့က ဆည်ကျိုးပေါက်မှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ အသေအပျောက်တွေ ရှိသလား ဆိုတာကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဆည်အောက်ပိုင်းဒေသတွေဆီ ကယ်ဆယ်ရေးတွေ၊ ရေအရင်းအမြစ် ထိန်းသိမ်းရေး အေဂျင်စီ အရာရှိတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ ပေးပို့ထားသလို ဆည်ရေလွှမ်းတဲ့ နေရာတွေက ဒေသခံတွေကို ကူညီရွှေ့ပြောင်းပေးနေတယ်လို့ ဆိုပါတယ်။

လူမှုကွန်ယက် မီဒီယာတွေပေါ်မှာတော့ ပမာဏ များပြားလှတဲ့ ရွှံ့ရည်တွေ၊​​ရေထုထည်ပမာဏကြီးမညးစွာနဲ့ စီးဆင်းနေတဲ့​​ဆည်​ရေကျိုး​ပေါက်မှုကိုဗီဒီယိုဖိုင်တွေမှာ တွေ့ရပါတယ်။

နန်နင်းမှာ ဇူလိုင် ၆ ရက်နေ့ မွန်းမတည့်ခင်ကစပြီး ရေဘေးအန္တရာယ် တားဆီးထိန်းချုပ်ရေး အရေးပေါ် တုံ့ပြန်မှုတွေကို အမြင့်ဆုံးအဆင့် တပ်လှန့် ကြေညာခဲ့ပါတယ်။

အဲဒီမတိုင်ခင် အရင်ရက်တွေကတည်းက နန်နင်းမှာ မိုးဆက်တိုက် ရွာသွန်းမှုတွေကြောင့် ရာသီဥတုဆိုင်ရာ သတိပေး ကြေညာချက်တွေ ထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဆည်ကျိုးမှု အပြီးမှာတော့ အဆင့် ၃ သတ်

မှတ်ကြေညာမှုကနေ အမြင့်ဆုံး အဆင့် ၁ ထိ မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။

နန်နင်းနဲ့ အနီးတဝိုက် ဧရိယာတွေဟာ မကြုံစဖူး မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကြုံ​တွေ့ခံစားနေရကြောင်းလည်း သိရပါတယ်။

ကိုးကား: Lao Dong

ဆက်စပ်သတင်းများ