Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောတွေအန္တရာယ် သတိပေး

ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေတက်လာလို့ ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ဖို့နဲ့ ဗုံးခိုကျင်း၊ ခိုင်ခန့်တဲ့ အဆောက်အဦးတွေမှာ နေထိုင်ကြဖို့ ဟုမ္မလင်းမြို့နယ်အရေးပေါ်ပြည်သူ့အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က သတိပေးထုတ်ပြန်ပါတယ်။

(ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်နေသော စစ်သင်္ဘောများအား တွေ့ရစဥ်။ ဓါတ်ပုံံ-ကနီ သတင်းနဲ့ပြန်ကြားရေး)

ဇူလိုင်−၆၊၂၀၂၆။ဇော်ရမ်း/People’s Spring

ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေတက်လာလို့ ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ဖို့နဲ့ ဗုံးခိုကျင်း၊ ခိုင်ခန့်တဲ့ အဆောက်အဦးတွေမှာ နေထိုင်ကြဖို့ ဟုမ္မလင်းမြို့နယ်အရေးပေါ်ပြည်သူ့အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က သတိပေးထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်မှုနယ်မြေအတွင်း ချင်းတွင်းမြစ်ကမ်းဘေးမှာ နေထိုင်သူတွေကို ဒီနေ့ ဇူလိုင် ၆ရက်မှာ သတိပေးချက်ထုတ်ပြန်တာဖြစ်ပါတယ်။

စစ်တပ်ဟာ နှစ်စဉ် မိုးရာသီရောက်တိုင်း ချင်းတွင်းမြစ်ရေမြင့်တက်ချိန်မှာ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့တပ်ဖွဲ့ဝင်အင်းအားတွေကို မြစ်‌ကြောင်းကနေတဆင့် ပို့လေ့ရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်သင်္ဘောတွေဖြတ်သန်းချိန်မှာ ချင်းတွင်းမြစ်ဘေးက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေနဲ့ လေကြောင်းကနေပစ်ခတ်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။

” စစ်သင်္ဘောတွေတက်လာပြီလို့ ကြားတယ်။ ကျနော်တို့ဘက်ကို ရက်ပိုင်းအတွင်းရောက်လာတော့မှာဆိုတော့ တတ်နိုင်သရွေ့ရှောင်ရာတိမ်းရပြန်ပြီ။ ရမ်းသမ်းပစ်ခတ်တာတွေကဆိုးတယ်ဗျ” လို့ မင်းကင်းမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်သင်္ဘောတွေက လက်နက်ကြီး၊ လက်နက်ငယ်‌ တွေနဲ့ ပစ်ခတ်ခြင်း၊ ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာတို့နဲ့ ဗုံးသီးချတာတွေ‌ ပြုလုပ်‌နေလို့ ဒေသခံပြည်သူတွေရဲ့အသက်အိုးအိမ် ပျက်စီး ဆုံးရှုံးမှုတွေရှိနေတယ်လို့ ဟုမ္မလင်းမြို့နယ်အရေးပေါ်ပြည်သူ့အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စစ်သင်္ဘောတွေ ဖြတ်သန်းချိန်မှာ ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ခြင်း၊ ဗုံးခိုကျင်း‌ တွေ၊ ခိုင်ခန့်တဲ့ အဆောက် အဦးတွေမှာနေထိုင်ကြဖို့ မေတ္တာရပ်ခံတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိမှာ စစ်သင်္ဘောတွေဟာ ကနီမြို့နယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ချစ်တွင်းမြစ်ဟာ ကနီ၊မင်းကင်း၊ ကလေးဝ၊မော်လိုက်၊ ဟုမ္မလင်းမြို့နယ်တွေအတိုင်းဖြတ်သန်းတာမို့ မြစ်ကမ်းဘေးကဒေသခံတွေသတိပြုနေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ