သတင်း တံတားဦးနယ်မှာ လူငယ်တွေကို စစ်တပ် ပေါ်တာဆွဲ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ စစ်တပ်က ပေါ်တာဆွဲတာတွေပြုလုပ်နေပြီး အခုအပတ်စဉ်အတွက် လူငယ် ၁၀၀ အထိ ပေါ်တာဆွဲမယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ludunwayooနိုဝင်ဘာ 5, 2025
သတင်း အာဆင်းနစ်ဓာတ် များနေလို့ သံလွင်မြစ်ရေကို မသုံးကြဖို့ ထိုင်းမှာညွှန်ကြား သံလွင်မြစ်ရေထဲ အဆိပ်အတောက် ဓာတုပစ္စည်းတွေ ရောနှော ပါဝင်နေတာကြောင့် သောက်သုံးတာမျိုး မလုပ်ဖို့ထိုင်းအာဏာပိုင်တွေကညွှန်ကြားထားပါတယ်။ ludunwayooနိုဝင်ဘာ 5, 2025
သတင်း ပုလောမြို့အုပ်ကြီးစိုးဝေနဲ့ သက်တော်စောင့် စစ်သားကို တော်လှန်ရေးပူးပေါင်းတပ် ပစ်ခတ် တနင်္သာရီတိုင်း၊ ပုလောမြို့အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ သက်တော်စောင့် စစ်ကောင်စီတပ်သားကို ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ် ခရိုင်အမှတ်(၁)တပ်ရင်းက နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်ပါတယ်။ ludunwayooနိုဝင်ဘာ 5, 2025
သတင်း မြင်းခြံမြို့စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုစစ်အုပ်စုထိခိုက်မှုရှိဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ပြော မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ခမရ(၁၅)တပ်ရင်းအနီး လယ်သစ်ကျေးရွာကစစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Zeroပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ ludunwayooနိုဝင်ဘာ 5, 2025
နိုင်ငံတကာ ကန်တက်ကီမှာ ကုန်တင်လေယာဉ် ပျက်ကျပြီး ၃ ဦးထက်မနည်းသေ အမေရိကန် နိုင်ငံရဲ့ ကန်တက်ကီ ပြည်နယ်မှာ ကုန်တင်လေယာဉ်တစ်စီး ပျက်ကျလို့ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ludunwayooနိုဝင်ဘာ 5, 2025
နိုင်ငံတကာ နယူးယောက် မြို့တော်ဝန်အဖြစ် ပထမဆုံးအကြိမ် အာရှတောင်ပိုင်းအနွယ် မွတ်ဆလင်တစ်ဦး ရွေးကောက်ခံရ ကြိုတင် ရေပန်းစားနေတဲ့အတိုင်း ဇိုဟ်ရန် မမ်ဒါနီဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရဲ့ မြို့တော်ဝန်အဖြစ် ရွေးကောက် ခံခဲ့ရပါတယ်။ ludunwayooနိုဝင်ဘာ 5, 2025
ညနေခင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ ၅၀ ကျော်သေဆုံး ဖိလစ်ပိုင် နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ludunwayooနိုဝင်ဘာ 5, 2025
သတင်း ဗာဂျီးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာအတွက် ဒီမိုကရက်တစ်ပါတီရဲ့ စပန်ဘာဂါ အနိုင်ရ အမေရိကန်ရဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ဗာဂျီးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု အဘီဂေးလ် စပန်ဘာဂါက တင်မြှောက်ခံခဲ့ရပါတယ်။ ludunwayooနိုဝင်ဘာ 5, 2025
သတင်း နတ်တလင်းမှာ ပျူစောထီးစခန်းနဲ့ စစ်ကောင်စီ ကင်းအဖွဲ့ကို PDF တိုက်ခိုက် ပဲခူးတိုင်း၊ နတ်တလင်းမြိုနယ်၊ မင်းဘူးကျွန်းအောက်စု ပျူစောထီးစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့သလို တောင်ညိုရဲကင်းစခန်းက ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ပါတယ်။ ludunwayooနိုဝင်ဘာ 5, 2025
သတင်း ကျောက်ဆည်တက္ကသိုလ်မှာ အဝေးသင်ကျောင်းသူတွေ မြန်မာဝတ်စုံဝတ်မလာရင် ကျောင်းထဲဝင်ခွင့်မရ မန္တလေးတိုင်းက ကျောက်ဆည်တက္ကသိုလ်မှာ အဝေးသင်တက်မယ့်ကျောင်းသူတွေ မြန်မာဝတ်စုံဝတ်မလာရင် ကျောင်းထဲဝင်ခွင့်မပေးလို့ ကျောင်းသူတွေ အဆင်မပြေဖြစ်နေကြောင်း သတင်းရရှိပါတယ်။ ludunwayooနိုဝင်ဘာ 5, 2025