Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်မှာ စစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းဖို့ ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံခဲ့ရပြီးစစ်တပ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။​

(ပဲခူးတိုင်းမှ PDF ​​တွေကို အခန်းအနားတစ်ခုမှာ​တွေ့ရစဥ်။ဓါတ်ပုံ-ပဲခူးPDF)

မေ-၁၅၊၂၀၂၆။ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းဖို့ ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံခဲ့ရပြီးစစ်တပ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။​

ပြီးခဲ့တဲ့မေလ ၁၁ ရက် မနက်ပိုင်းမှာ ပေါင်းတည်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းဖို့ ဝင်ရောက်လာတဲ့ အင်အား (၆၀)​ ဝန်းကျင်ပါ စစ်တပ် စစ်ကြောင်းကို ‌‌‌‌‌‌‌‌‌‌‌အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်မှာရှိတဲ့ အမှတ်(၃၆၀၁) တပ်ရင်း၊ တပ်ခွဲ(၂) က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

စစ်တပ် စစ်ကြောင်းကို (၇)ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်တပ်တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးပြီး (၂)ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်ကြောင်းကလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင်ကျေးရွာအတွင်းကပြည်သူပိုင်ဆိုင်ကယ် (၆)စီး၊ နွား (၂)ကောင်ကို လုယက်ခိုးယူကာ လူနေအိမ် ( ၉ ) လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဖော်ပြထားပါတယ်။

“ပေါင်းတည်မြို့နယ်၊ပေါက်တောကျေးရွာ ခမရ ၁၀ တပ်ထဲက ထွက်လာတဲ့ စစ်ကြောင်းပါ။ မိုင်းဆွဲပြီးတဲ့နောက်မှာတော့ သူတို့က သေဆုံးလူနာတွေကို ကောက်သွားပြီး တပ်ထဲပြန်ဝင်သွားကြတယ်” လို့ ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံရဲဘော် Shadow ကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်းတော်လှန်ရေးတပ်ဘက်က အထိအခိုက်မရှိဘဲ အောင်မြင်စွာ စစ်ဆင်ရေး ဖော်ဆောင်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲခံရပြီးပေါက်တောကျေးရွာခမရ(၁၀)တပ်ထဲပြန်ဝင်သွားတဲ့ စစ်တပ်စစ်ကြောင်းဟာ အင်အားပြန်လည်ဖြည့်တင်းပြီးမေလ၁၅ရက်မှာ ပေါင်းတည်မြို့နယ်၊ အဂ္ဂရာပြည့်ကွက်သစ်ကျေးရွာကို ရောက်ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း - Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်​ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။