Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ မြေပြိုမှုကြောင့် ရွှေတူးဖော်ရေး မိုင်းလုပ်သား ၉ ဦးသေ

အင်ဒိုနီးရှား နိုင်ငံမှာ မြေပြိုကျမှု ဖြစ်ပွားပြီး သတ္တုမိုင်းတွင်း အလုပ်သမား ၉ ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - Xinhua

အင်ဒိုနီးရှား နိုင်ငံမှာ မြေပြိုကျမှု ဖြစ်ပွားပြီး သတ္တုမိုင်းတွင်း အလုပ်သမား ၉ ဦး သေဆုံးခဲ့ပါတယ်။

ဆူမားတြား ကျွန်းပေါ်မှာ မေလ ၁၄ ရက်နေ့က တရားမဝင် ရွှေသတ္တု တူးဖော်တဲ့ မိုင်းတွင်းတစ်ခုနားမှာ မြေပြိုမှု ဖြစ်ခဲ့တာပါ။ မေလ ၁၅ ရက်နေ့မှာတော့ ဆီဂျွန်ဂျန် ခရိုင်ထဲက အခင်းဖြစ်ပွားတဲ့ နေရာမှာ ရုပ်အလောင်း ၉ ခုကို ပြန်လည် ရှာဖွေ တွေ့ရှိထားပြီးပြီလို့ ရဲတွေက ပြောကြားခဲ့ပါတယ်။

သတ္တုမိုင်းတွင်းနားက တောင်တစ်လုံးကနေ မြေတွေ ပြိုကျခဲ့ပြီး ၃ ကီလိုမီတာလောက် အကွာမှာတင် ရှိနေခဲ့တဲ့ မိုင်းတွင်းလုပ်သားတွေအပေါ်ကို ဖုံးလွှမ်းသွားခဲ့တာ ဖြစ်ပါတယ်။

အနောက်ပိုင်း ဆူမားတြား ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆူမီလာဝါတီ ရော့စ်ယာက အခင်းဖြစ်တဲ့ နေရာဟာ တရားမဝင် ရွှေတူးတဲ့ မိုင်းတွင်းတစ်ခု ဖြစ်ကြောင်း၊ မြေပြိုမှုကြောင့် ၉ ဦးသေခဲ့ပြီး ၃ ဦးကတော့ အသက်ရှင်လျက် လွတ်မြောက်ခဲ့ကြောင်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လူ ၉ ဦး ပျောက်ဆုံးနေကြောင်း သိရှိခဲ့တဲ့နောက် ရဲတွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး မစ်ရှင်တွေကို အပူတပြင်း လုပ်ဆောင်ခဲ့ပါတယ်။ ရွှံ့ချပ်တွေကို ဖယ်ရှားဖို့ အတွက်လည်း အကြီးစား စက်ယန္တရားတွေကို အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ အသက်ရှင်သူ မရှိဘဲ ရုပ်အလောင်းတွေကိုပဲ ရှာတွေ့ခဲ့တာပါ။

အရှေ့တောင်အာရှ ဒေသတွင်းက ဓာတ်သတ္တု သယံဇာတ ကြွယ်ဝတဲ့ ကျွန်းစုနိုင်ငံမှာ အစိုးရဆီက လိုင်စင်မယူဘဲ တရားမဝင် သတ္တုတူးဖော်တဲ့ မိုင်းတွင်းတွေ နေရာအနှံ့ ရှိကြပါတယ်။ အဲဒီမိုင်းတွင်းတွေဟာ ထိရောက်တဲ့ လုံခြုံရေး အစီအမံတွေ၊ လုံခြုံရေး အသုံးအဆောင် ထောက်ပံ့မှုတွေလည်း မရှိကြပါဘူး။

ပြီးတော့ မုတ်သုံမိုး ရွာသွန်းတဲ့ ကာလတွေဆိုရင် အင်ဒိုနီးရှားမှာ မြေပြိုမှုတွေကလည်း မကြာခဏ ဖြစ်ပွားတတ်ပါတယ်။ အခုဖြစ်စဉ်ကို ဆက်လက် စုံစမ်းစစ်ဆေးမှာဖြစ်ကြောင်း၊ အဲဒီ သတ္တုမိုင်းတွင်းကိုလည်း ကျိန်းသေပေါက် ပိတ်ပင်မှာဖြစ်ကြောင်း ဆူမီလာဝါတီက ဆိုပါတယ်။

မနှစ်တုန်းကလည်း အနောက်ဂျာဗား ပြည်နယ်ထဲက စကျင်ကျောက် တူးဖော်တဲ့ စခန်းတစ်ခုမှာ ကျောက်သားတွေ ပြိုကျရာက လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ ဆူလာဝေဆီ ကျွန်းပေါ်က တရားမဝင် ရွှေသတ္တု မိုင်းတွင်းမှာ မြေပြိုမှုဖြစ်ပြီး ၂၃ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြီးအပြီး သေဆုံးသူဦးရေ ထပ်တိုးလာနေပြီး လူပေါင်း ၅၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။