Connect with us

Hi, what are you looking for?

သတင်း

ပြင်သစ် ကျေးလက်ဒေသ တစ်ခုမှာ အရက်မူးနေတဲ့ သမင်ကြောင့် ယာဉ်အန္တရာယ် သတိပေးထား

ပြင်သစ်နိုင်ငံမှာ အရက်မူးနေတဲ့ သမင်တစ်ကောင်ကြောင့် ယာဉ်အန္တရာယ် သတိပေး ကြေညာချက်တွေကို ရဲတွေက ထုတ်ပြန်ထားပါတယ်။

ပြင်သစ်နိုင်ငံမှာ အရက်မူးနေတဲ့ သမင်တစ်ကောင်ကြောင့် ယာဉ်အန္တရာယ် သတိပေး ကြေညာချက်တွေကို ရဲတွေက ထုတ်ပြန်ထားပါတယ်။

ပြင်သစ်နိုင်ငံရဲ့ ဆွန်ညက်လော်ရီ ဒေသက ကျေးလက် ဧရိယာ တစ်ခုမှာ အရက်မူးနေပုံရပြီး တစ်နေရာတည်းမှာ ချာချာလည် လှည့်ပတ်နေသလို ဒယိမ်းဒယိုင် အလဲလဲ အကွဲကွဲတွေ ဖြစ်နေတဲ့ သမင်တစ်ကောင်ကို မေလ ၅ ရက်နေ့မှာ ဒေသခံတွေက စတင် သတိပြုမိခဲ့ပါတယ်။

အဲဒီသမင်ဟာ ကားလမ်းတွေအနားက ကွင်းပြင်တွေထိ ချဉ်းကပ်လာတာကြောင့် ကားတွေရှေ့ ဖြတ်ပြေးတာမျိုး ခန့်မှန်းရခက်တဲ့ လုပ်ရပ်တွေ ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။ ဒါကြောင့်လည်း ရဲတွေက အဲဒီ သမင်နဲ့ ပတ်သက်ရင် ယာဉ်အန္တရာယ် သတိပြုကြဖို့ ဆော်ဩထားတာ ဖြစ်ပါတယ်။

အဲဒီ သမင်ဟာ သဘာဝအတိုင်း အချဉ်ပေါက်နေတဲ့ သစ်သီးတွေကို စားမိရာက ရေချိန်လွန်သွားတာလို့ ယုံကြည်ရပါတယ်။ အဲဒီလို သစ်သီးတွေဟာ မူးယစ်ရီဝေစေတဲ့ အက်သနော ဓာတ်ပေါင်းကို သိုလှောင်ထားလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

သုတေသန ရလဒ်တွေအရ လူတွေနည်းတူ တိရစ္ဆာန်တွေရဲ့ အစာချေ စနစ်ဟာလည်း အက်သနောကို ဖြိုခွဲနိုင်တယ်လို့ သိရပါတယ်။ အဓိပ္ပါယ်ကတော့ တိရစ္ဆာန်တွေလည်း အရက်မူးနိုင်တာပဲ ဖြစ်ပါတယ်။

ဒေသခံ ရဲတပ်ဖွဲ့ကတော့ အရက်မူးပြီး ပျော်မြူးနေဟန်ရှိတဲ့ သမင်ရဲ့ ဗီဒီယိုကို လူမှုကွန်ရက်ပေါ် မျှဝေခဲ့ပြီး အဲဒီဧရိယာ တဝိုက် ကားမောင်းတဲ့အခါ သတိထားကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ အရက်မူးနေတဲ့ သမင်ဟာ အကြောက်အလန့် နည်းသွားပေမယ့် လူတွေကို တမင် ရန်လိုတဲ့ အရိပ်အယောင်မျိုးတော့ မတွေ့ရပါဘူး။

ရဲတွေက အဲဒီသမင်ဟာ ဘယ်နားက ကစော်ဖောက်ထားတဲ့ အသီးတွေကို စားမိသလဲ ဆိုတာ မသိရသေးကြောင်း ပြောပါတယ်။ နောက်ထပ် အလားတူ အသီးတွေကို ထပ်စားမိရင် နောက်တစ်ခါ အရက်မူးပြီး ကားလမ်းပေါ် တက်လာမှာကို ရဲတွေက စိတ်ပူနေတာ ဖြစ်ပါတယ်။

သစ်သီးတွေ ရင့်မှည့်တဲ့ အခြေအနေကနေ သဘာဝအတိုင်း ကစော်ဖောက်ပြီး အက်သနော ဓာတ်တွေကို ထုတ်ပေးနိုင်ကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

ကိုးကား: USA Today

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။