Connect with us

Hi, what are you looking for?

သတင်း

လန်ဒန်မြို့ရှိ စစ်တပ်သံရုံးစီစဥ်တဲ့ ဆွေးနွေးပွဲ ဆန္ဒပြမှုတွေကြောင့် ဖျက်သိမ်းခဲ့ရ

စစ်တပ်ထိန်းချုပ်ထားတဲ့ လန်ဒန်မြို့ မြန်မာသံရုံးမှာ ဆွေးနွေးပွဲတရပ် ကျင်းပဖို့ စီစဥ်ထားပေမယ့် ဗြိတိန်ရောက်မြန်မာအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုကြောင့် ဆွေးနွေးပွဲဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။

မေ-၁၅၊ ၂၀၂၆။ People’s Spring

စစ်တပ်ထိန်းချုပ်ထားတဲ့ လန်ဒန်မြို့ မြန်မာသံရုံးမှာ ဆွေးနွေးပွဲတရပ် ကျင်းပဖို့ စီစဥ်ထားပေမယ့် ဗြိတိန်ရောက်မြန်မာအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုကြောင့် ဆွေးနွေးပွဲဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။

Burma Campaign UK၊ Stars of Myanmar Friendship အပါအဝင် ဗြိတိန်ရောက် မြန်မာအဖွဲ့အစည်းတွေက စစ်တပ်ရဲ့ လက်အောက်ခံသံရုံး ကျင်းပဖို့ စီစဥ်ထားတဲ့ ဆွေးနွေးပွဲကို သပိတ်မှောက်ဖို့ တောင်းဆိုခဲ့သလို ဆွေးနွေးပွဲကျင်းပဖြစ်ခဲ့ရင် ကျင်းပချိန်အတွင်း ဆန္ဒပြဖို့လည်း စီစဥ်ထားခဲ့တာပါ။ မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့အစည်းတွေက အဲဒီဆွေးနွေးပွဲကို ဖိတ်ကြားခံရနိုင်ဖွယ်ရှိတဲ့ သံအမတ်ကြီးတွေကိုလည်း ဆွေးနွေးပွဲ မတက်ရောက်ဖို့ စာရေးသားပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

“ဒါဟာ လန်ဒန်ရှိ စစ်တပ်ထိန်းချုပ်တဲ့ မြန်မာသံရုံးအတွက်အရှက်ရဖွယ်ပါပဲ။ မြန်မာနိုင်ငံမှာ ပွင့်လင်းတဲ့ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ပိတ်ပင်ထားပြီး အဲဒီမှာ အဲဒီလို ကျင်းပခွင့်ရနိုင်မယ်လို့ ထင်နေတာက ရယ်စရာကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ စစ်တပ်သံရုံးက တရားဝင်မှုရဖို့ ကြိုးစားနေတာကို ဟန့်တားသွားမှာဖြစ်သလို့ စစ်သံမှူး ဗိုလ်ကြီးစိုးအောင်ကို ဗြိတိန်ကနေ ပြည်နှင်ဒဏ်ပေးအောင်လည်း ဆက်လက်လှုံ့ဆော်သွားမှာပါ”လို့ Burma Campaign UK စည်းရုံးလှုံ့ဆော်ရေးအရာရှိ ကိုမင်းတင့်ဗိုလ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ နှောင်းပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းမှာ အတုအယောင်ရွေးကောက်ပွဲတွေ ကျင်းပပြီး နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှုကို အသည်းအသန်ရယူဖို့ရည်ရွယ်ပြီး အခုလို ဟန်ပြပွင့်လင်းတဲ့ဆွေးနွေးပွဲကို ပြည်သူ့ဆက်ဆံရေးထိုးစစ်ရဲ့ အစိတ်အပိုင်းအဖြစ် ပြင်ဆင်လာတာလည်းဖြစ်ပါတယ်။

Stars of Myanmar Friendship အဖွဲ့ပူးတွဲတည်ထောင်သူ ဂျူလီခိုင်ကလည်း စစ်ရာဇဝတ်သားမင်းအောင်လှိုင်အတွက် ဝါဒဖြန့်ပေးနေတဲ့ စစ်တပ်သံရုံးရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသွားမှာဖြစ်ပြီး တရားမဝင် စစ်အစိုးရကို အသိအမှတ်မပြုဘူးလို့လည်း အခိုင်အမာဆိုပါတယ်။

စစ်တပ်ရဲ့ ဆွေးနွေးပွဲပျက်သွားပေမယ့် သံရုံးရှေ့မှာ ဒီနေ့ နေ့ခင်းပိုင်းက ဆန္ဒပြပွဲ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာပေါ်ရှိသြဇာအာဏာအရှိဆုံး မြို့ကြီးများထဲမှ တစ်မြို့အဖြစ် လန်ဒန်က ဆက်လက်ရပ်တည်နိုင်နေခြင်းမှာမြို့၏မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်တယ်လို့ လန်ဒန်မြို့တော်ဝန် ဆာဒီခ်ခန်းက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အင်္ဂလန် ဘောလုံးကလပ် အာဆင်နယ်ရဲ့ တစ်ကျော့ပြန် ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးမှု အောင်ပွဲခံ အခမ်းအနားကို လန်ဒန်မြို့မှာ ကျင်းပခဲ့ပြီး ပရိသတ် သိန်းနဲ့ချီ စုဝေး အောင်ပွဲခံခဲ့ကြပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်မှာ ဂျူးနှစ်ဦး ဓားထိုးခံရတဲ့ ဖြစ်စဉ်ကို အကြမ်းဖက်မှုအဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ပြီး စုံစမ်း စစ်ဆေးနေပါတယ်။

သတင်း

နွေဦးတော်လှန်ရေး (၅)နှစ်ပြည့် လူထုဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၁ရက်က လန်ဒန်မြို့ ပါလီမန်ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။