သတင်း စင်္ကာပူမှာပြုလုပ်မယ့် ဆုန်သင်းပါရ်ဖျော်ဖြေပွဲ ပြည်သူတွေရဲ့ Boycott အောင်မြင်နေ စင်္ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အဆိုတော် ဆုန်သင်းပါရ်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအပေါ် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှု အောင်မြင်နေပါတယ်။ ludunwayooဇွန် 2, 2026
သတင်း တောင်သာနယ်ကို စစ်ကြောင်း ၃ကြောင်းနဲ့ စစ်တပ် ဝင်နေ၊ နေအိမ်အချို့ မီးရှို့ဖျက်ဆီး မန္တလေးတိုင်း၊တောင်သာမြို့နယ်ကို စစ်တပ်က စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးလာပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ludunwayooဇွန် 2, 2026
သတင်း မြိုင် လက်ယက်မရွာကို စစ်တပ် အသေခံဒရုန်းနဲ့တိုက်ခိုက်၊ ပြည်သူအချို့ဒဏ်ရာရ မကွေးတိုင်း၊ မြိုင်မြို့နယ်က လက်ယက်မစံပြကျေးရွာ တိုက်နယ်ဆေးရုံအနီးကို စစ်တပ်က အသေခံဒရုန်း၂စီးနဲ့ တိုက်ခိုက်လို့ ပြည်သူအချို့ဒဏ်ရာရပြီး နေအိမ် ၁လုံး ပျက်စီးခဲ့ပါတယ်။ ludunwayooဇွန် 2, 2026
သတင်း အင်းတော်မြို့အနီး တိုက်ပွဲတွေပြင်ထန်နေပြီး စစ်တပ် သေဆုံးမှုများ စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အနောက်ခြမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အပါအဝင် PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က အကျဆုံးများကာ အရာရှိတွေလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။ ludunwayooဇွန် 2, 2026
သတင်း နမ့်ခမ်းပေါက်ကွဲမှု အိုးအိမ်မဲ့သွားသူတွေအတွက် အရေးပေါ် အကူအညီလိုအပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ မေလ ၃၁ရက်ကပေါက်ကွဲမှုကြောင့် အိမ်ခြေ ၂၀၀ ခန့် ထိခိုက်ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေအတွက် အကူအညီတွေပေးကြဖို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေကတောင်းဆိုပါတယ်။ ludunwayooဇွန် 2, 2026
သတင်း မိခင်ရဲ့မွေးနေ့အတွက် ၈၁ ကီလိုမီတာ စကိတ်စီးမယ့် ကင်မ် စစ်တပ်ရဲ့မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့ အမှတ်တရအတွက် ၈၁ ကီလိုမီတာ စကိတ်စီးသွားမယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်း ကပြောပါတယ်။ ludunwayooဇွန် 2, 2026
သတင်း ကန်ပက်လက်မှာမြို့နယ် ပ.အ.ဖ ကညမထွက်ရအမိန့်ထုတ် ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်မြို့နယ်မှာစစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေကိုမသမာသူလူတစ်စုကဖောက်ထွင်းနေတာကြောင့်ညမထွက်ရအမိန့်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က မေလ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။ ludunwayooဇွန် 2, 2026
သတင်း မြစ်ကြီးနား အင်အားဖြည့်တဲ့ယာဉ်အစီး ၂၀၀ခန့်ပါ စစ်တပ်ယာဉ်တန်း KIA တိုက်ခိုက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကို အာဏာသိမ်းစစ်တပ်က ယာဉ်အစီးရေ ၂၀၀ ခန့်နဲ့ အင်အားဖြည့်တင်းလာလို့ ခုခံတိုက်ပွဲတွေရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ဇွန် ၁ရက် မနက်မှာ ပြောပါတယ်။ ludunwayooဇွန် 2, 2026
သတင်း ကမမောင်း -ဖာပွန်လမ်းပိုင်းမှာတိုက်ပွဲပြင်းထန် ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။ ludunwayooဇွန် 2, 2026
သတင်း မုံရွာမှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဇွန် 2, 2026