Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမှာ စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ ကလေးငယ် ၁ဦး သေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်လို့ ကလေးငယ် ၁ဦး သေဆုံးကာ အရပ်သားအချို့ ဒဏ်ရာရခဲ့ပါတယ်။

(စစ်တပ် ပစ်ခတ်မှုကြောင့် နေအိမ်ထိမှန် ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

အောက်တိုဘာ ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်လို့ ကလေးငယ် ၁ဦး သေဆုံးကာ အရပ်သားအချို့ ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာ ၂ရက် နေ့လည်ပိုင်းမှာ စစ်တပ်ရဲ့ တပ်မ (၄၄) က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကျိုက်ထိုမြို့နယ် ဇီးကုန်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၃နှစ် အရွယ် ကလေးငယ် သေဆုံးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ကျိုက်ထိုမြို့နယ် မဲရုံကြီးရွာ သုဿန်အနီး ပေါက်ကွဲခဲ့လို့ အမျိုးသား ၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာလဆန်းနဲ့ စက်တင်ဘာလအတွင်းမှာ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေကြောင့် ပြည်သူသေဆုံးထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ လကုန်ပိုင်းမှာ KNU သထုံခရိုင် အတွင်းရှိ ကျိုက်ထိုမြို့နယ် ကျောက်ဖျာ၊ ဝင်းကံ၊ ခရွဲ၊ ငှက်ပျောတော စတဲ့ ကျေးရွာအုပ်စုတွေအတွင်းက ကျေးရွာတွေကို စစ်တပ်က တိုက်ပွဲမရှိဘဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ စက်တင်ဘာ ၂၂ရက်ကလည်း တပ်မ(၄၄) က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာအုပ်စုအတွင်းရှိ ရာဘာခြံမှ ခြံလုပ်သား ၁ဦး သေဆုံးခဲ့ရသလို ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၄ရက်ကလည်း ကျိုက်ထိုမြို့နယ် အလူးကျေးရွာအုပ်စု ရှမ်းစုရွာအတွင်း လက်နက်ကြီးကျလို့ ၉နှစ်ကလေးငယ် ဒဏ်ရာရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတအရေခြုံထားပေမယ့် လူသတ်ကောင်စရိုက် မပျောက်သေးကြောင်း ကျောက်တော်မြို့ အိန္ဒိယဈေးကို ဗုံးကြဲပြီး သက်သေပြလိုက်ကြောင်း ပြည်သူ့ပန်းတိုင်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဘိုးအို ၁ဦး သေဆုံးခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

Trending

Facebook