Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေယာဉ် အနုကြမ်းစီးဖို့ ကြိုးစားသူကို အစ္စရေးက အဓိက တာဝန်ယူ စစ်ဆေးမေးမြန်းဖွယ်ရှိ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ ကြိုးစားသူကို အစ္စရေးက တာဝန်ယူ စစ်ဆေး မေးမြန်းဖွယ် ရှိနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ ကြိုးစားသူကို အစ္စရေးက တာဝန်ယူ စစ်ဆေး မေးမြန်းဖွယ် ရှိနေကြောင်း သိရပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့တုန်းက အိုမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူး ဖြစ်သူဟာ အိန္ဒိယသား လေယာဉ်မှူးကြီးကို ဓားနဲ့ထိုးပြီး လေယာဉ်ကို စိုက်ဆင်းချဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာ အပြင်းအထန် ရထားချိန်မှာတောင် သတိကောင်းတဲ့ အိန္ဒိယ လေယာဉ်မှူးက အခန်းတံခါးကို ကြိုးစားဖွင့်ပြီး အကူအညီ တောင်းခံခဲ့တာကြောင့် ခရီးသည်တွေက တိုက်ခိုက်သူကို ဝိုင်းဝန်း ချုပ်နှောင် ဖမ်းဆီးနိုင်ခဲ့သလို တာဝန်ချိန် မဟုတ်ဘဲ စီးနင်းလိုက်ပါလာတဲ့ တခြားလေယာဉ်မှူး တစ်ဦးက လေယာဉ်ကို လက်လွှဲယူပြီး ထိန်းသိမ်း မောင်းနှင်ခဲ့ပါတယ်။

Flydubai လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် FZ1073ရဲ့ မူလခရီးစဉ်ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံရဲ့ ဒူဘိုင်းမြို့ကနေ အစ္စရေးရဲ့ တဲလ်အဗစ်ဗ်ဆီ ပျံသန်းတာ ဖြစ်ပေမယ့် အဲဒီဖြစ်ရပ်ကြောင့် ဆော်ဒီအာရေးဘီးယား နိုင်ငံမှာ အရေးပေါ် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်ပေါ်မှာ အစ္စရေး အများစု အပါအဝင် ခရီးသည် ၁၇၄ ဦးနဲ့ အမှုထမ်း ၈ ဦးတို့ စီးနင်း လိုက်ပါလာခဲ့ပြီး လေယာဉ်မှူးကလွဲလို့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဆော်ဒီအာဏာပိုင်တွေဟာ တွဲဖက်လေယာဉ်မှူးကို ဖမ်းဆီးခဲ့တဲ့နောက် အောက်တိုဘာ ၁ ရက်နေ့မှာတော့ ယူအေအီးဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ အဓိက သံသယတရားခံဟာ ယူအေအီးရဲ့ ဖမ်းဆီးထိန်းသိမ်းမှု အောက်မှာ ရှိနေပေမယ့် စစ်ဆေးမေးမြန်းမှုကိုတော့ အစ္စရေး အရာရှိတွေက အဓိက တာဝန်ယူနိုင်ကြောင်း ယူအေအီး အစိုးရ သတင်းရင်းမြစ် တစ်ဦးက Reutersကို ပြောပါတယ်။

နာမည်မဖော်ပြတဲ့ အဲဒီအရာရှိက အစ္စရေးရဲ့ ဘယ်အေဂျင်စီတွေက စုံစမ်းမေးမြန်းမှုကို တာဝန်ယူမလဲ ဆိုတာကိုတော့ အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။ အစ္စရေးဖက်ကတော့ စုံစမ်းစစ်ဆေးမှုကို ယူအေအီးက ဦးဆောင်မှာဖြစ်ပြီး အစ္စရေးက ပူးပေါင်း ပါဝင်မယ်လို့ပဲ ပြောဆိုထားပါတယ်။ ယူအေအီး နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ စုံစမ်းစစ်ဆေးမှုကို ဘယ်သူ ဦးဆောင်မလဲ ဆိုတာကို ဘာမှ မပြောဘဲ နှုတ်ဆိတ်နေဆဲပါ။

သတင်းတွေရဲ့ အဆိုအရ လေယာဉ်ကို အနုကြမ်းစီးဖို့ ကြိုးစားတဲ့ တွဲဖက်လေယာဉ်မှူးရဲ့ နာမည်ဟာ ဟမ်မမ် အယ်လ်ဟမ်မမ်မီလို့ သိရပါတယ်။ သူဟာ အိုမန်လေကြောင်းလိုင်းမှာလည်း ၇ နှစ်လောက် အလုပ်လုပ်ခဲ့ဖူးပေမယ့် အစွန်းရောက်ဝါဒ အယူအဆတွေနဲ့ ဆက်စပ်ပြီး ထုတ်ပယ် ခံခဲ့ရတာလို့ ဆိုပါတယ်။ ပြီးတော့ Flydubaiမှာ အလုပ်လုပ်နေတာ ၈ လလောက်ပဲ ရှိသေးတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ တွဲဖက်လေယာဉ်မှူးဟာ အစ္စလာမ်မစ် အစွန်းရောက် အတွေးအခေါ် အယူအဆတွေ သွတ်သွင်းတာ ခံထားရတယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားထားပေမယ့် လေယာဉ် အနုကြမ်းစီးဖို့ အားထုတ်မှုဟာ အကြမ်းဖက် ဝါဒနဲ့ ဆက်စပ်တယ်လို့တော့ တိုက်ရိုက် မစွပ်စွဲသေးဘဲ စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

အစ္စရေး ခရီးသည် အများစုကို တင်ဆောင်လာတဲ့ လေယာဉ်ကို အနုကြမ်းစီးဖို့ ကြိုးစားသူ တွဲဖက် လေယာဉ်မှူးဟာ သူ့ရဲ့ တိုက်ခိုက်မှုအတွက် လေယာဉ်မှူး အခန်းထဲက ပုဆိန်ကို အသုံးပြုခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လူတွေ မသေစေချင်လို့ အစွမ်းရှိသမျှ ကြိုးစားရုန်းကန်ခဲ့တာ ဖြစ်တယ်လို့ အနုကြမ်းစီးသူ တွဲဖက် လေယာဉ်မှူးကို ရနိုင်သမျှ ခုခံခဲ့တဲ့ အိန္ဒိယ လေယာဉ်မှူးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဒုတိယ 9/11 အကြမ်းဖက် ဖြစ်စဉ်ကို ရှောင်လွှဲနိုင်ခဲ့တာလို့ဆို

သတင်း

ဂါဇာကမ်းမြှောင်ဒေသ မြောက်ပိုင်းမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် ဟားမားစ်ရဲ့ ထိပ်တန်း စစ်ဦးစီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

Trending

Facebook