အောက်တိုဘာ၃-၂၀၂၆။ကတ်သရင်း/ People’s Spring
ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို လေ
ယာဥ် ၂ စီးနဲ့ဗုံးကြဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။
PDF ရဲဘော် အောင်ကိုမင်းဟာ ဖဲရှုံးလို့အကြွေးတင်ပြီး ဖုန်း၅လုံးကို ခိုးယူခဲ့တာလို့ သိရပါတယ်။ခိုးမှု ပေါ်ပေါက်ခဲ့ပြီးနောက် အရေးယူခံရမှာစိုးရိမ်ပြီး စက်တင်ဘာနောက်ဆုံးပတ်အတွင်းမှာမုံရွာမြို့ရှိအနောက်

Public Service Announcement
မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကိုသွားပြီး စစ်တပ်နဲ့ပူးပေါင်စခဲ့တာလို့ သိရပါတယ်။
“ဥပဒေရင်ဆိုင်ရမှာ ကြောက်ပြီး ေးထဲဝင်သွားတာ။သူ့ရဲ့ လုပ်ဆောင်ချက်မမှန် တော့ ဖမ်းမယ်၊ဆီးမယ်ထင်ပြီး မထူးဘူးဆိုပြီး ေးထဲဝင်သွားတဲ့ အပေါက်”လို့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
၎င်းနေထိုင်ခဲ့ရာအနီး ဘုတလင်မြို့နယ်၊ ကံသာနဲ့ကုန်းသာကျေးရွာကြားမှာ စစ်တပ်က လေယာဉ် ၂ စီးနဲ့ ဆက်တိုက်ဗုံးလာကြဲနေပြီး ဒီကနေ့ နေ့လယ် ၁၂နာရီမှာလည်း ဗုံးကြဲနေတယ်လို့ ဒေသခံအချို့ကပြောတယ်။စစ်တပ်ဗုံးကြဲမှုကြောင့်ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် စစ်တပ်က အောက်တိုဘာ ၃ ရက်နေ့မှာ ကန့်ဘလူမြို့နယ်ကို လေယာဥ် ၅ စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။မကွေးလေတပ် မှတိုက်လေယာဥ် ၂ စီး၊ဟုမ္မလင်းလေတပ်မှ ၂ စီး၊မိတ္ထီလာ လေ
တပ်မှ ၁စီးနဲ့ ဗုံးကြဲခဲ့တာလို့ ဒေသခံအချို့ကပြောတယ်။ ဗုံးကြဲမှုကြောင့်ထိခိုက်ပျက်စီးမှု ရှိ ၊မရှိကိုတော့မသိရသေးပါဘူး။
အောက်တိုဘာ ၂ရက်ကလည်း မုံရွာခရိုင်တပ်ရင်း(၁၅)ရဲ့တပ်ရင်းမှူးဟောင်းပျံလွှား စစ်တပ်ထံ အညံ့ခံသွားပြီးနောက် စစ်ရှောင်ပြည်သူတွေ နေရာကိုပါသတင်းပေးတာကြောင့် စစ်တပ်က လေကြောင်းတိုက်ခိုက်ရာ စစ်ရှောင် ပြည်သူ၂ဦး သေဆုံးခဲ့ပါတယ်။



















































