Hi, what are you looking for?
မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ်ဝင်ပေါက် ကျင်ဒွေးမြို့ဆီ ဦးတည်ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစ်တပ်စစ်ကြောင်းနဲ့ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့တို့ ကျင်ဒွေးမြို့နယ် မဟာတွီရွာအနီးမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီး တိုက်ပွဲတပတ်အတွင်း စစ်တပ်ဘက်က ၅၀ ဝန်းကျင်သေဆုံးကာ ဆယ်ချီလက်နက်ချကြတယ်လို့ စစ် ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။