Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ ထောင်ဒဏ် နှစ် ၂၀ကျော် ချခံထားရတဲ့ ဆေးမန်းက CDM ဆရာမ ကွယ်လွန်

မန္တလေးအိုးဘိုထောင်မှာ ထောင်ဒဏ် နှစ် ၂၀ကျော် ချမှတ်ခံထားရတဲ့ ဆေးတက္ကသိုလ်(မန္တလေး)က CDM ဆရာမ ဒေါ်ခင်သီတာ အကျဥ်းထောင်တွင်းမှာ ကွယ်လွန်သွားခဲ့ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် မမေနှင်းက ပြောပါတယ်။

(ကွယ်လွန်သွားခဲ့သည့် CDM ဆရာမ ဒေါ်ခင်သီတာအား တွေ့ရစဥ်။ ဓါတ်ပုံံ-AFCC.MDY)

အောက်တိုဘာ ၅၊ ၂၀၂၆။ ဇေအောင်/People’s Spring

မန္တလေးအိုးဘိုထောင်မှာ ထောင်ဒဏ် နှစ် ၂၀ကျော် ချမှတ်ခံထားရတဲ့ ဆေးတက္ကသိုလ်(မန္တလေး)က CDM ဆရာမ ဒေါ်ခင်သီတာ အကျဥ်းထောင်တွင်းမှာ ကွယ်လွန်သွားခဲ့ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် မမေနှင်းက ပြောပါတယ်။

ဆေးတက္ကသိုလ် (မန္တလေး)၊ ရောဂါဗေဒဌာန၊ ဓါတ်ခွဲခန်းမှူး CDM ဆရာမ ဒေါ်ခင်သီတာဟာ နိုင်ငံရေးယုံကြည်ချက်ကြောင့် မတရားဖမ်းဆီးခံရပြီး မန္တလေး အိုးဘိုထောင်အတွင်း အကျဉ်းကျနေချိန် ပြီးခဲ့တဲ့စက်တင်ဘာ (၂၈) ရက်နေ့က ကျဆုံးသွားကြောင်းအာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)က ထုတ်ပြန်ပါတယ်။

ဆရာမဒေါ်ခင်သီတာဟာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေစဉ် လုံလောက်စွာ ဆေးကုသမှုမရခဲ့တာကြောင့် ကျဆုံးခဲ့ရတာဖြစ်ကြောင်း AFCC.MDY က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“စက်တင်ဘာ ၂၇ ရက်ည ၁ဝ နာရီမှာ မူးလဲတယ်။ အချိန်မီဆေးရုံမပို့ပေးဘဲ မနက် အသက်ပျောက်ခါမှ ဆေးရုံပို့တယ်။ဆေးရုံက ဆီးချိုတက်လို့ဆိုပြီး စာထုတ်ပေးတယ်။ ဆေးမှတ်တမ်းကို ခဏပဲပြပြီး သေချာကြည့်ရှုခွင့်မပေးဘူး”လို့ AFCC.MDY ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် မမေနှင်းက ပြောပါတယ်။

ဆရာမ ဒေါ်ခင်သီတာဟာ ၂၀၂၃ ခုနှစ် သြဂုတ် ၁၅ ရက်က ဖမ်းဆီးခံခဲ့ရပြီး အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ပုဒ်မ ၅၀ (ည)၊ ၅၂ (က) စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၂၂နှစ် အထိ ကျခံထားရသူဖြစ်ကြောင်း မမေနှင်းက ပြောပါတယ်။

ဆရာမ ဒေါ်ခင်သီတာဟာ ၂၀၂၁ ဖေဖော်ဝါရီကစတင်ပြီးစစ်အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်လျက် CDM ပြုလုပ်တာ၊ နွေဦးတော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီတာ၊ ဖေးမစောင့်ရှောက်တာစတဲ့ အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဉ်တွေမှာ ကျရာအခန်းကဏ္ဍကနေ တာဝန် ကျေပွန်စွာထမ်းရွက်ခဲ့တဲ့ လေးစားထိုက်တဲ့ CDM ဝန်ထမ်းကောင်း တဦးဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ်က နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်နေတာဟာ နိုင်ငံတကာရာဇဝတ်မှုဖြစ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်ရာ မြောက်ကြောင်း၊ ယင်းချိုးဖောက်မှု တခုချင်းစီအတွက် တရားမျှတမှုရရှိဖို့ ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံတဝန်းက အကျဥ်းထောင်တွေထဲက နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဇူလိုင်အတွင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကြွေးတာကြောင့် ဩဂုတ်၂၀ ရက်က ယာယီဆောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ အစာငတ်ခံဆန္ဒပြမှုဖြစ်ခဲ့တယ်လို့ နိုင်ကျဉ်းမိသားစုဝင် တွေကပြောပါတယ်။

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Trending

Facebook