သတင်း ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်ကို ယနေ့(မေလ ၅ရက်)တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။ ludunwayooမေ 6, 2025
သတင်း AA အပစ်ရပ်ထားသော်လည်း စစ်တပ်က လေးမျက်နှာမြို့နယ်ကိုဗုံးကြဲ၊ ဟင်္သာတမြို့အနီး လက်နက်ကြီးတပ်ဆင် အာရက္ခတပ်တော်(AA) ကအပစ်ရပ်ကြေညာချက်ဖြင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ထိုးစစ်ရပ်တန့်ထားသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲနေပြီး ဟင်္သာတမြို့အဝင်တနေရာတွင် လက်နက်ကြီးတပ်ဆင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။ ludunwayooမေ 6, 2025
သတင်း ညောင်ရွှေမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပစ်ကူပေးနေသည်ဟု ဒေသခံစစ်ဘက်သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။ ludunwayooမေ 6, 2025
သတင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး ပန်းတိုင်ကို မျက်ခြေမပြတ်ရန် PDFရဲဘော်များအား ယာယီသမ္မတ မှာကြား စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချုပ်ငြိမ်းရေး အတွက် မလျှော့တမ်းတော်လှန်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များအနေဖြင့်လည်း ယင်းပန်းတိုင်ကို မျက်ခြေမပြတ်ရန်လိုကြောင်း မှာကြားခဲ့သည်။ ludunwayooမေ 6, 2025
သတင်း ပြည်သူများ၏ထောက်ခံမှုကြောင့် PDFများက စစ်ကောင်စီတပ်ကို အကောင်းဆုံးဖိအားပေးတိုက်ခိုက်နိုင်ခြင်းဖြစ်ဟု NUGဝန်ကြီးချုပ် ပြော ပြည်တွင်း၊ပြည်ပရှိ ပြည်သူများ၏ထောက်ခံပါဝင်မှုများကြောင့်သာပြည်သူ့ကာကွယ်ရေးတပ်မတော် -PDFများက အင်အားကြီးမားပါသည်ဆိုသော စစ်တပ်ကိုဖိအားပေး တိုက်ခိုက်နေနိုင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ် ဖော် ပြောကြားသည်။ ludunwayooမေ 6, 2025
သတင်း ကသာထောင်မှာ CDM လူငယ်ကျောင်းဆရာ နိုင်ကျဉ်း ဆုံးပါး စစ်ကိုင်းတိုင်း ၊ ကသာအကျဉ်းထောင်မှာ လုံလောက်တဲ့ ဆေးဝါး ကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသား ကိုဟိဏ်းမင်းသူ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်က ဆုံးပါးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM ) က ဒီနေ့ မေလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။ ludunwayooမေ 6, 2025
သတင်း လားရှိုးကဲ့သို့မကြုံရရေး မြို့များကာကွယ်ရေးတွင် တက်ကြွစွာပါဝင်ကြရန် ပြည်သူများအား TNLA မေတ္တာရပ်ခံ ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပေးလိုက်ရသည့် အခြေအနေမျိုး မကြုံရစေရေး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြရန် တအာင်းတပ်မတော်(TNLA)က မေတ္တာရပ်ခံလိုက်သည်။ ludunwayooမေ 6, 2025
သတင်း အပူဒဏ်နှင့်မိုးသက်လေပြင်း သတိပြုရန်လိုဟု NUG သတိပေး မြန်မာနိုင်ငံဒေသအများစု၌ နေ့အပူချိန်များ ပြန်လည်မြင့်တက်လာနိုင်ပြီး လေပြင်းတိုက်ခိုက် မှုနှင့် မိုးကြီးမည့်အန္တရာယ်သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။ ludunwayooမေ 6, 2025
သတင်း မန္တလေးမှာ ဂတ်စ်အရောင်းဆိုင် မီးလောင်မှုဖြစ်ပွား မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်ထဲမှာ ဒီနေ့ (မေ ၅ ရက်) မနက်ပိုင်းက ဂတ်စ်အရောင်းဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ludunwayooမေ 6, 2025
သတင်း စိုးမိုးထိန်းချုပ်နယ်မြေများမှ တစ်နှစ်အတွင်း အခွန်ဘဏ္ဍာအဖြစ် ကျပ် ဘီလီယံ ၄၇၀ကျော်နှင့် ရွှေ ၁၇ပိဿာခန့် ရရှိဟု NUG ထုတ်ပြန် စိုးမိုးထိန်းချုပ်နယ်မြေများမှ ပြီးခဲ့သည့် ၂၀၂၄ တစ်နှစ်အတွင်း သတ္တု၊ကျောက်မျက်နှင့် သစ်တောကဏ္ဍများမှ လေလံနှင့် ဒဏ်ကြေးငွေ ကျပ် ဘီလီယံ ၄၇၂နှင့် ရွှေ ၁၇ပိဿာခန့် ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့(မေ ၅ ရက်)တွင် ထုတ်ပြန်သည်။ ludunwayooမေ 6, 2025