Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာတာရဲ့ မြို့တော်ဆီ ရောက်နေတဲ့ ဟားမားစ် အရာရှိတွေကို အစ္စရေး လေကြောင်းကနေ တိုက်ခိုက်

ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာမှာ ရှိနေတဲ့ ဟားမားစ် ခေါင်းဆောင်ပိုင်းတွေနဲ့ အရာရှိတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာမှာ ရှိနေတဲ့ ဟားမားစ် ခေါင်းဆောင်ပိုင်းတွေနဲ့ အရာရှိတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အစ္စရေး စစ်တပ်က အဲဒီ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကို အတည်ပြုခဲ့ပြီး ဟားမားစ် ခေါင်းဆောင်တွေ ရှိနေတဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ကာတာဟာ အစ္စရေးနဲ့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်တို့ကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ အထမြောက်အောင် အဓိက ကြားဝင် စေ့စပ်ပေးနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အစ္စရေးက ဟားမားစ်တွေ အနေနဲ့ လက်နက်ချ အညံ့ခံမလား၊ အပြီးတိုင် ချေမှုန်းသုတ်သင် ခံရမယ့် ကံကြမ္မာဆိုးကို ရင်ဆိုင်မလားလို့ ရာဇသံပေးခဲ့ပြီး ၂ ရက်အတွင်းမှာ အခု တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာပါ။

အစ္စရေးဟာ ဟားမားစ် နိုင်ငံရေးဗျူရို အဖွဲ့ဝင်တချို့ ရှိနေတဲ့ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာလို့ ကာတာ အစိုးရက ပြောပါတယ်။ ဟားမားစ် အရာရှိ တစ်ယောက်က ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ဟားမားစ်ကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ ဒိုဟာကို ရောကနေတဲ့ ညှိနှိုင်းရေး အဖွဲ့ကို အစ္စရေးက ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကာတာ နိုင်ငံခြားရေး ဝန်ကြီးဌာနက အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုလို့ စွပ်စွဲခဲ့ပြီး အခုလို အဆင်ခြင်မဲ့တဲ့ လုပ်ရပ်မျိုးကို ကာတာဖက်က သည်းခံနေမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

အစ္စရေး စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေး ပိုင်နက်ထဲ ဟားမားစ် တပ်ဖွဲ့တွေ အလစ်ကျူးကျော်ပြီး လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်၊ ၂၅၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တဲ့ လုပ်ရပ်မှာ အဓိက တာဝန်ရှိသူတွေကို ဦးတည်တဲ့ တိတိကျကျ ချေမှုန်းတိုက်ခိုက်မှု တစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အစ္စရေးဟာ ပြည်ပရောက် ဟားမားစ် ခေါင်းဆောင်တွေကို ရှာဖွေ ချေမှုန်းသွားမယ်လို့ သတိပေးခဲ့ပါတယ်။ အစ္စရေးစစ်တပ် အကြီးအကဲ အီယဲလ်ဇာမားက ဟားမားစ် ခေါင်းဆောင်ပိုင်း အများစုဟာ ပြည်ပမှာ နေထိုင်နေကြကြောင်း၊ အဲဒီလို အေးအေးလူလူ ရှိနေတဲ့ ဟားမားစ် ထိပ်သီး ခေါင်းဆောင်တွေဆီ အစ္စရေးရဲ့ လက်တံတွေ ရောက်ရှိလာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဟားမားစ်ရဲ့ ညှိနှိုင်းရေး အဖွဲ့ဟာ ဒိုဟာမှာပဲ ရှိနေပေမယ့် ဇူလိုင်လနောက်ပိုင်း အစ္စရေးနဲ့ တိုက်ရိုက် ဆွေးနွေးတာမျိုး အထမမြောက်ခဲ့ပါဘူး။

ဒိုဟာမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက် ကာတာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ဒိုဟာရောက် အမေရိကန် နိုင်ငံသားတွေအားလုံး ဘေးကင်းလုံခြုံတဲ့ နေရာတွေမှာ ယာယီ ခိုလှုံနေကြဖို့လည်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။