Connect with us

Hi, what are you looking for?

သတင်း

ရိက္ခာပြတ်နေတဲ့စစ်ရှောင်တွေကို PDF နတ်မောက်က မိုးတွင်းအရံရိက္ခာတွေ ပြန်ဝေပေး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ရိက္ခာပြတ်နေတဲ့ စစ်ရှောင်တွေကို တပ်ရင်းရဲ့ မိုးတွင်းအရံရိက္ခာတွေ ပြန်ဝေပေးလိုက်ကြောင်း နတ်မောက်မြို့နယ် အမှတ် (၉၀၂)တပ်ရင်း People’s Defence Force-Natmauk အဖွဲ့က ပြောပါတယ်။

စစ်ရှောင်ပြည်သူများအား မိုးတွင်းအရံရိက္ခာများ ပြန်လည်မျှဝေလှူဒါန်းပေးခဲ့စဥ်။ ဓါတ်ပုံ-နတ်​မောက်PDF

စက်တင်ဘာ-၉၊ ၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ရိက္ခာပြတ်နေတဲ့ စစ်ရှောင်တွေကို တပ်ရင်းရဲ့ မိုးတွင်းအရံရိက္ခာတွေ ပြန်ဝေပေးလိုက်ကြောင်း နတ်မောက်မြို့နယ် အမှတ် (၉၀၂)တပ်ရင်း People’s Defence Force-Natmauk အဖွဲ့က ပြောပါတယ်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက ရွာတရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလဆန်းကတည်းက စစ်ကြောင်းထိုးပြီး တပ်စွဲထားတာ ၉ ရက်ခန့်ရှိပြီဖြစ်ကြောင်း၊ အများစုကတော့ နီးရာကျေးရွာတွေကို သွားရှောင်ကြပေမဲ့ လူ ၂၀၀ လောက်ကတော့ တောထဲမှာပဲ ရှောင်နေရပြီး ရိက္ခာပြတ်သွားလို့ အဆိုပါစစ်ရှောင်တွေကို တပ်ရင်းအတွက် စုဆောင်းထားတဲ့ မိုးတွင်းအရံရိက္ခာတွေ သွားဝေပေးခဲ့တာဖြစ်ကြောင်း တပ်ရင်းက ရဲဘော်တဦးက ပြောပါတယ်။

“ဒီပုံစံအတိုင်းဆို ရက်ကကြာနိုင်သေးတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ရိက္ခာအကူအညီလေးတောင်းချင်တာပေါ့။ကူချင်တဲ့သူများရှိရင်ကျနော်တို့တပ်ရင်းက ကြားခံပြီးကူညီဆောင်ရွက်ပေးပါ့မယ်။”လို့ အထက်ပါရဲဘော်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မကွေးတိုင်း၊နတ်မောက်မြို့နယ်မှာစစ်တပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေပြီး ဩဂုတ် ၂၄ ရက်ညက လဲဘူးကျေးရွာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သြဂုတ် ၃၀ ရက်မှာလည်း ကန်သာကျေးရွာနဲ့ ဖတ်တောရေကျေးရွာကြားကို စ​က်တပ်လေထီးနဲ့ ထပ်ပြီးဗုံးချတိုက်ခိုက်လို့အသက်၂၇နှစ်အရွယ်သမီးဖြစ်သူမှာ နေရာတင်သေဆုံးပြီး ဖခင်ဖြစ်သူ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စက်တင်ဘာ၆ရက်မှာလည်းရုံးပင်ကွတ်ရွာကိုစက်တပ်လေထီးနဲ့ ထပ်မံ ဗုံးလာကြဲလို့ သားအဖနှစ်ဦး ထိခိုက်ပြီး ဖခင်ဖြစ်သူသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။