Hi, what are you looking for?
တနင်္သာရီတိုင်း၊ ထားဝယ်ဒေသ၌ စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကို စုစည်းညီညွတ်စွာ ခုခံရန်၊ စစ်ဆင်ရေးများ ဆောင်ရွက်ရန်အတွက် ထားဝယ်ဒေသတွင်းရှိ တော်လှန်ရေးတပ်များ ညှိနှိုင်းကာ မဟာမတ်ပူးပေါင်းတပ်ဖွဲ့စည်းထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုက ပြောသည်။
MNDAA နဲ့ မဟာမိတ်တပ်တွေ ၂၀၂၄ သြဂုတ်လ ၃ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ရှိရာလားရှိုး မြို့ကို တရုတ်အစိုးရရဲ့စွက်ဖက်မှုကြောင့်MNDAA ကစစ်ကောင်စီကို ပြန်လွှဲပေးရပြီး ဧပြီ ၂၂ ရက်မှာ လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်ယာဥ်တန်းတွေပြန်လည်ဝင်ရောက်နိုင်ခဲ့ပါတယ်။