Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီ ထပ်မံ လေကြောင်းတိုက်ခိုက်

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့်မိုးကုတ်မြို့ကိုအာဏာ သိမ်းစစ်ကောင်စီတပ်က ယနေ့ ဩဂုတ်၁၈ရက် မွန်းလွဲပိုင်း၌ လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး ဒဏ်ရာရရှိခဲ့ဟု TNLAက ထုတ်ပြန်သည်။

မိုးကုတ်မြို့အနောက်ပိုင်း၊ ကြက်ပြင်နာရီစင်အနီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − TNLA

မိုးကုတ်ကို ယခုလအတွင်း ၅ကြိမ် လေကြောင်းတိုက်ခိုက်ရာ ပြည်သူ ၄၀ကျော် သေဆုံးဟု TNLAထုတ်ပြန်

ဩဂုတ်−၁၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့်မိုးကုတ်မြို့ကိုအာဏာ သိမ်းစစ်ကောင်စီတပ်က ယနေ့ ဩဂုတ်၁၈ရက် မွန်းလွဲပိုင်း၌ လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး ဒဏ်ရာရရှိခဲ့ဟု TNLAက ထုတ်ပြန်သည်။

မိုးကုတ်မြို့အနောက်ပိုင်း၊ ကြက်ပြင်နာရီစင်အနီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − TNLA

မိုးကုတ်မြို့အနောက်ပိုင်း၊ကြက်ပြင်နာရီစင်အနီးတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့်ဘုန်းကြီးကျောင်း၄ကျောင်းနှင့် သီလရှင် ကျောင်းဆောင်၂ဆောင် ပျက်စီးခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် မိုးကုတ်မြို့ရှိ ပြည်သူများအား ပစ်မှတ်ထားသည့် လေကြောင်း စစ်ဆင်ရေးများ ဆက်တိုက်ပြုလုပ်နေ၍ ပြည်သူ သေဆုံးထိခိုက်မှုများစွာရှိခဲ့သည်။

ဩဂုတ် ၁၇ရက် မနက်ပိုင်းက မိုးကုတ်အရှေ့ပိုင်း မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအနီး လေကြောင်း တိုက်ခိုက်ခဲ့ရာ ကလေး ၁ဦး အပါအဝင်၃ဦး သေဆုံးခဲ့သည်။

ဩဂုတ် ၁၄ရက် ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်း လင်းရောင်ခြည် ဘုန်းကြီးကျောင်းကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁၆ ဦး အပါအဝင် သေဆုံးသူ ၂၁ဦး ရှိပြီး ၇ ဦး ဒဏ်ရာရခဲ့သည်။

ဩဂုတ် ၉ရက်ကလည်း မိုးကုတ်မြို့အရှေ့ပိုင်း ကျောက်နံဂါး ဘုန်းကြီး ကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့၍ ကလေးငယ် အပါအဝင် ၅ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့သည်။

ဩဂုတ် ၂ရက်ကလည်း မိုးကုတ်မြို့ အနောက်ပိုင်း ပြည်သူအသွားအလာများနေချိန်စစ်ကောင်စီ လေကြာင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် သံဃာအပါအဝင် ၁၂ ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီကမိုးကုတ်မြို့ကိုယခုဩဂုတ်လအတွင်းလေကြောင်း တိုက် ခိုက်မှု ၅ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူ ၄၁ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့သည်။ အခြား ကျောက်မဲနှင့် သီပေါမြို့၌လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့သည်။

TNLA ထိန်းချုပ်ရာ မြို့ရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့ရာ ဇူလိုင်လအတွင်း ပြည်သူ ၂၇ဦးသေဆုံးကာ ၈၀ကျော်ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီက ပြည်သူအားပစ်မှတ်ထား တိုက်ခိုက်နေမှုသည် TNLAကို စစ်ရေးအရ ဖိအားပေးနေခြင်းဖြစ်သည်ဟု ရှမ်းမြောက်အရေးလေ့လာသူ က ပြောသည်။

“အာဏာသိမ်းစစ်ကောင်စီကအခုလိုစစ်ရေးနဲ့မသက်ဆိုင်တဲ့အပြစ်မဲ့ သာမန်အရပ်သားပြည်သူတွေရှိတဲ့နေရာတွေကိုသိလျက်နဲ့ ရည်ရွယ်ချက်ရှိရှိ လေယာဉ်ဗုံးကြဲ သတ်ဖြတ်နေတာဟာ Geneva Convention ကို မလိုက်နာတဲ့အပြင် နိုင်ငံတကာ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးတွေကို တရုတ်အစိုးရကိုအားကိုးပြီးနေ့စဉ်ဆက်တိုက်ဆိုသလို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေတာဖြစ်တယ်လို့ပဲ သုံးသပ်ပါတယ်”ဟု ရှမ်းမြောက်အရေးလေ့လာသူက ပြောသည်။

ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရေး စစ်ရေးသတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင် ရွက်ရန်လိုအပ်ကြောင်း TNLAက အကြိမ်ကြိမ် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။