Connect with us

Hi, what are you looking for?

သတင်း

နန်းမားမြို့တွင် ရဲနှစ်ဦး ပစ်သတ်ခံရ၊ မိုးညှင်း-နန်းမားလမ်းပိုင်း စစ်ကောင်စီ ပိတ်ထား

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊နန်းမားမြို့တွင်ယနေ့ ဩဂုတ် ၁၈ရက်က စစ်ကောင်စီလက်အောက်ခံ ရဲနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းဒေသခံများကပြောပြီး ဒေသတွင်း၌ တိုက်ပွဲဖြစ်နေ၍ ညပိုင်းတွင် စစ်ကောင်စီက မိုးညှင်း-နန်းမားလမ်းပိုင်းအား ပိတ်လိုက်ကြောင်း သတင်းရရှိသည်။

ဩဂုတ်၁၈၊၂၀၂၅။လူအေး/People’s Spring

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊နန်းမားမြို့တွင်ယနေ့ ဩဂုတ် ၁၈ရက်က စစ်ကောင်စီလက်အောက်ခံ ရဲနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းဒေသခံများကပြောပြီး ဒေသတွင်း၌ တိုက်ပွဲဖြစ်နေ၍ ညပိုင်းတွင် စစ်ကောင်စီက မိုးညှင်း-နန်းမားလမ်းပိုင်းအား ပိတ်လိုက်ကြောင်း သတင်းရရှိသည်။

နန်းမားရဲစခန်းမှ ရဲနှစ်ဦးသည် မြို့အဝင်တနေရာ၌ ယနေ့ နံနက် ၈နာရီတွင် သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“နှစ်ယောက်စလုံးသေသွားတယ်လို့ကြားတယ်။ သူတို့တွေက နန်းမားရဲစခန်းက။အပစ်ခံရတာကလည်း နန်းမားအပိုင်ထဲမှာဖြစ်တာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါရဲနှစ်ဦးနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေကိုမသိရှိရသေးပေ။

မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှမမုံကိုင်နှင့်မိုင်းနောင်ကျေးရွာတို့တွင် သြဂုတ်၁၆ရက်ကစ၍ တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် SNAပြည်သူ့စစ်ပူးပေါင်းစခန်းအချို့ကိုကချင်လွတ်လပ်ရေးတပ်မ တော်(KIA)ပူးပေါင်းတပ်က သိမ်းယူခဲ့သည်။

ယနေ့ည ၈နာရီကျော်မှစတင်ပြီး စစ်ကောင်စီတပ်က နန်းမားမြို့မှနေ၍ လက်နက်ကြီးများပစ်ခတ်နေပြီး မိုးညှင်း-နန်းမားလမ်းပိုင်းကို ပိတ်လိုက်သည်။ မိုးညှင်းမြို့နှင့် နန်းမားမြို့သည် ၈မိုင်ကျော်သာဝေးသည်။

” လက်နက်ကြီးသံတွေ ကျယ်တယ်။နန်းမားကနေ ပစ်နေတာ။ လမ်းလည်းပိတ်လိုက်တယ်ဆိုတော့ ဘာသတင်းရတယ်မသိဘူး။ တိုက်ပွဲက ဆက်မယ်ထင်ရတယ်”ဟု မိုးညှင်းမြို့တစ်ဦးက ပြောသည်။

ဒေသတွင်း၌ စစ်‌ရေးတင်းမာနေစဉ် SNAတပ်သည် ဒေသခံလူငယ်များအား အတင်းအဓမ္မဖမ်းဆီးပြီး စစ်သားစုဆောင်းနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ ဂိမ်းစက် သိမ်းသွားတဲ့ ဖခင်ကို အသက် ၁၁ နှစ်အရွယ် သားဖြစ်သူက သေနတ်နဲ့ ပစ်သတ်လိုက်ကြောင်း သိရပါတယ်။