Connect with us

Hi, what are you looking for?

သတင်း

အင်းတော်ကြီးဒေသတိုက်ပွဲ စစ်ကောင်စီပူးပေါင်းတပ်၏ ဂျန်မာယာဉ် KIA သိမ်းရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ် အသုံးပြုနေသည့် ဂျန်မာ(Jammer)တင်ယာဉ်ကို ကချင်လွတ်လပ်ရေတပ်မတော်(KIA)ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

ဩဂုတ်−၁၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ် အသုံးပြုနေသည့် ဂျန်မာ(Jammer) တင်ယာဉ်ကို ကချင်လွတ်လပ်ရေတပ်မတော် (KIA)ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

ဇူလိုင်တွင် KIA က လက်လွှတ်ခဲ့ရသည့် အင်းတော်ကြီးဒေသ မိုင်းနောင်နှင့် မမုံကိုင်ကျေးရွာကို KIAက ယခုရက်ပိုင်းတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၁၈ရက်က မိုင်းနောင်ရွာတိုက်ပွဲတွင် SNA၏ ဂျန်မာတင်ယာဉ်ကို သိမ်းရပြီး မီးရှိုးဖျက်ဆီးခဲ့ကြောင်း KIA စစ်ရေးသတင်းများ အဓိကဖော်ပြသည့် 7Stars Newsက ယနေ့တွင် ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်၍ ကချင်စစ်ရေးသတင်းရင်းမြစ်က “မနေ့က သိမ်းရတာဟုတ်တယ်။ ဖျက်ဆီးလိုက်တာလည်း ဟုတ်တယ်။ လက်ရှိ အခြေအနေက စခတွေ အဲဒီမိုင်းနောင်ရွာမှာ မရှိတော့ဘူး ဆုတ်သွားပြီ။ အခုက ဟိုး လုံးတုံဘက် အဲဒီဘက်မှာ စုနေကြတာ”ဟု ပြောသည်။

မိုင်းနောင်နှင့် မမုံကိုင်ကျေးရွာကို ယခင်က KIAတပ်စွဲထားရာ ဇူလိုင် ၁၄ရက်တွင် စစ်ကောင်စီနှင့် ရှမ်းနီ SNA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တလအကြာတွင် KIAက ပြန်လည်သိမ်းပိုက်ထားသည်။

(စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ် အသုံးပြုနေသည့် ဂျန်မာ(Jammer)တင်ယာဉ်ကို KIAပူးပေါင်းတပ်က သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − Screen Grab)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။