Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျောင်းသားဗီဇာ ၆၀၀၀ ကျော်ကို အမေရိကန် ရုပ်သိမ်း

အမေရိကန် အစိုးရဟာ နိုင်ငံတကာ ကျောင်းသား ၆၀၀၀ ကျော်ရဲ့ ပညာရေး ဗီဇာတွေကို ရုပ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

Getty Images

အမေရိကန် အစိုးရဟာ နိုင်ငံတကာ ကျောင်းသား ၆၀၀၀ ကျော်ရဲ့ ပညာရေး ဗီဇာတွေကို ရုပ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီ ဗီဇာ ကိုင်ဆောင်ထားတဲ့ ကျောင်းသားတွေဟာ အမေရိကန် ဥပဒေတွေကို ချိုးဖောက်တာ၊ ဗီဇာသက်တမ်း ကျော်လွန်ပြီး နေထိုင်တာတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဗီဇာ ရုပ်သိမ်းခံရတဲ့ ကျောင်းသား အများအပြားဟာ ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားတာ၊ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲထားပြီး ကားမောင်းတာ၊ ဖောက်ထွင်းခိုးယူတာ၊ အကြမ်းဖက်ဝါဒ အားပေးတာမျိုး ပြစ်မှုမှတ်တမ်းတွေ ရှိနေတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာ ကျောင်းသားတွေနဲ့ ရွှေ့ပြောင်း အခြေချသူတွေကို သမ္မတ ထရမ့်ရဲ့ အစိုးရက အင်တိုက်အားတိုက် ဖိနှိပ်နေမှုရဲ့ နောက်ဆက်တွဲအဖြစ် အခုလို အခြေအနေမျိုး ပေါ်ပေါက်လာတာပါ။

Public Service Announcement

Public Service Announcement

ကျောင်းသားတွေထဲမှာ အကြမ်းဖက်အားပေးတွေ ပါနေတယ်လို့ ပြောပေမယ့် အဲဒီ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အသေးစိတ် တိတိကျကျကိုတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှင်းပြမထားခဲ့ပါဘူး။

ဗီဇာ ရုပ်သိမ်းခံရသူ ကျောင်းသား ၆၀၀၀ ကျော်ထဲက ၄၀၀၀ လောက်ဟာ သက်တမ်းကျော်လွန် နေထိုင်တဲ့ overstayတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၀ ကနေ ၃၀၀ လောက်ကတော့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲ ခံထားရပါတယ်။ အမေရိကန် ဥပဒေမှာတော့ အကြမ်းဖက်မှု ဆိုတာက အဓိပ္ပါယ် သတ်မှတ်ချက် ကျယ်ဝန်းပြီး အမေရိကန် ဥပဒေတွေကို ချိုးဖောက်တာ၊ လူ့အသက်တွေကို အန္တရာယ် ကျရောက်စေနိုင်တာတွေမှာ အကျုံးဝင်ပါတယ်။

မေလတုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မတ်ခ်ရူဘီရိုက နိုင်ငံတကာ ကျောင်းသား ဗီဇာပေါင်း ထောင်ဂဏန်းလောက်ကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ထားပြီးပြီလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အတိအကျ အရေအတွက်ကိုတော့ သူမသိသေးဘူးလို့ အဲဒီတုန်းက ရူဘီရိုက မှတ်ချက်ပေးခဲ့ပါတယ်။

၂၀၂၃-၂၄ ပညာသင်နှစ် စာရင်းတွေအရ အမေရိကန်မှာ နိုင်ငံပေါင်း ၂၁၀ ကျော်က ကျောင်းသူကျောင်းသားပေါင်း ၁.၁ သန်းကျော်လောက် တက်ရောက် ပညာသင်ယူနေခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အတိုက်အခံ ဒီမိုကရက်တစ် ပါတီဟာ ကာမီကာဇီ တိုက်လေယာဉ်မှူးတွေလိုပဲ ကိုယ်တိုင် အထိခိုက်ခံပြီး အမေရိကန် အစိုးရကို နှောင့်ယှက်နေတယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ယန္တရား ရပ်တန့်နေမှု (shutdown)ကာလကြာမြင့်လာတဲ့နောက် အစိုးရဟာ နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေရဲ့ လုံခြုံရေးကို ကြီးမှူးတာဝန်ယူရတဲ့ဝန်ထမ်းတွေကိုပါ ခွင့်သတ်မှတ်အနားပေးပြီးရုံးမတက်ဖို့ ညွှန်ကြားခဲ့ရပါတယ်။

နိုင်ငံတကာ

အစိုးရ ဘတ်ဂျတ်ကိစ္စအတွက် အထက်လွှတ်တော်ထဲမှာ ဆွေးနွေးမှုတွေ အဆင်မပြေသေးတာကြောင့် အမေရိကန် အစိုးရ ယန္တရားတွေ ဆိုင်းငံ့ထားရတဲ့ shutdownကာလက ဆက်ပြီး ရှည်ကြာနေဦးမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လွှတ်တော်မှာ နောက်ဆုံးမိနစ်ပိုင်းထိ အရေးပေါ် ညှိနှိုင်းမှုတွေ မအောင်မြင်တော့တဲ့နောက် အမေရိကန် ဖက်ဒရယ် အစိုးရ ယန္တရားတွေဟာ အောက်တိုဘာ ၁ ရက်နေ့မှာ စတင်ရပ်တန့်ပြီး shutdown ဖြစ်သွားပါတယ်။