Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီ ဗုံးထပ်ကြဲ၊ နောင်ပိန်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသော မိုးကုတ်မြို့ကို စစ်ကောင်စီက ယနေ့ ထပ်မံဗုံးကြဲခဲ့ပြီး ကျောက်မဲမြို့နယ် နောင်ပိန်ရွာကိုလည်း လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားထိခိုက်မှုရှိ‌ခဲ့သည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - TNLA

သြဂုတ်-၁၈၊ ၂၀၂၅။ လူအေး/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသော မိုးကုတ်မြို့ကို စစ်ကောင်စီက ယနေ့ ထပ်မံဗုံးကြဲခဲ့ပြီး ကျောက်မဲမြို့နယ် နောင်ပိန်ရွာကိုလည်း လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားထိခိုက်မှုရှိ‌ခဲ့သည်။

မိုးကုတ်မြို့အား ယနေ့ ဗုံးကြဲမှုတွင် အမျိုးသားတစ်ဦးဒဏ်ရာရပြီး ဘုန်းကြီးကျောင်း လေးကျောင်းနှင့် သီလရှင် ကျောင်းနှစ်ကျောင်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

လ၏စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – TNLA

“လူအုပ်စုထဲကိုမကျတာအရမ်းကံကောင်းလို့ ။ တစ်ဦးတော့ဒဏ်ရာအနည်းငယ်ရတယ်”ဟု မိုးကုတ်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

နောင်ပိန်ရွာတွင်မူ ၅ ရပ်ကွက်အတွင်းသို့ နံနက် ၉နာရီခန့်၌ လက်နက်ကြီးဖြင့် ၆ကြိမ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“နောင်ပိန်ကို လက်နက်ကြီးနဲ့ပစ်တာ။ ဒေသခံတစ်ဥဦးသေဆုံးတယ်။ ဒေသခံတော်တော်များများ ရှောင်ဖို့တိမ်းဖို့ လုပ်နေကြရတယ်” ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။ နောင်ပိန်ရွာကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခတ်၍ သံဃာတော်တစ်ပါးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့ဖူးသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း မိုးကုတ်မြို့ကို မကြာခဏဗုံးကြဲနေသည်။ ဩဂုတ် ၁၄ရက်က မိုးကုတ်မြို့ အရှေ့ပိုင်းကို ဗုံးကြဲရာ ကိုယ်ဝန်သည်နှင့် ကလေးအချို့အပါအဝင်၂၁ဦး သေဆုံးခဲ့သည်။ ယမန်နေ့ကလည်း ဗုံးထပ်ကြဲရာ အရပ်သားသုံးဦးသေဆုံးခဲ့သည်။

ထို့အပြင် စစ်ကောင်စီသည် TNLA ထိန်းချုပ်ဒေသ သီပေါမြို့ကို ယနေ့ နံနက်ပိုင်းတွင် ဗုံးကြဲရာ အရပ်သားသုံးဦးဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် ပြည်သူလူထု နေထိုင်သွားလာလှုပ်ရှားရာနေရာများကို ဦးတည်ပြီး တိုက်လေယာဉ်များ၊ လက်နက်ကြီးများဖြင့် အင်အားပြင်းဗုံးများ နေ့စဉ်ရက်ဆက်ကြဲချနေပြီး ထိုစစ်ရာဇဝတ်မှုများအမြန်ဆုံး ရပ်တန့်ရန်အတွက် ကူညီပေးရန် ကုလသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာအား TNLAက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။