Hi, what are you looking for?
ဝန်းသိုမြို့နယ် ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံကိုလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
မန္တလေးမြို့ပေါ်ရှိ ပြိုပျက်နေသော အဆောက်အဦးများအောက်က လမ်းမပေါ်တွင် ရွှေရင်အေး၊ မုန့်လက်ဆောင် တွန်းလှည်းလေးတစီးသည် တရွေ့ရွေ့ဖြတ်သန်းလာသည်။ စျေးသည် အမျိုးသမီးသည် အပြိုအပျက်လွတ်ရာတနေရာရောက်တော့ လှည်းကိုခေတ္တရပ်ရင်း မုန့်လက်ဆောင်တခွက် ဖျော်သောက်ရင်း သူ့ဝမ်းသူပြန်ဖြည့်နေသည်။ "စျေးက မရောင်းရသေးဘူး"ဟု သူက စိတ်မသက်မသာပြောပြသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ထီးထာဗျူဟာစခန်းကို ဧပြီ ၁၉ရက်က သိမ်းပိုက်နိုင်ခဲ့ရာ တိုက်ပွဲဝင် တော်လှန်ရေးအင်အားစုများကို ဂုဏ်ပြုကြောင်း KNU ဘိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ နှင့် တပ်မဟာ(၄) တပ်မမှူးတို့က လက်မှတ်ရေးထိုးပြီး မှတ်တမ်းလွှာကို ထုတ်ပြန်သည်။