Hi, what are you looking for?
ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ မြို့တော် ရိယာဒ် (Riyadh) ဟာ (၃) ရက်ဆက်တိုက် ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရပြီး၊ ဒီဖြစ်ရပ်ဟာ ယီမင်စစ်ပွဲက ဆော်ဒီနိုင်ငံအတွင်း ပိုမိုနက်ရှိုင်းစွာ ရောက်ရှိလာတာကိုသာမကဒေသတွင်းလုံခြုံရေး၊ လေကြောင်းပို့ဆောင်ရေးနဲ့ စီးပွားရေးအပေါ်ပါ ကြီးမားတဲ့ သက်ရောက်မှုတွေ စတင်ပေါ်ပေါက်လာပြီဆိုတာကို ပြသနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေ့စဥ်ထုတ် သတင်းစာတစ်စောင်ဖြစ်တဲ့ The Daily Star မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်အရ၊ ဇွန်လ ၂၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တာရစ်ခ်ရာမန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်တို့ တွေ့ဆုံခဲ့စဉ်မှာတရုတ်ဘက်ကဘင်္ဂလားဒေ့ရှ်-တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(Bangladesh-China-Myanmar Economic Corridor - BCMEC) ကို အဆိုပြုခဲ့ပါတယ်။
အထက်လွှတ်တော်ထဲမှာ ဘတ်ဂျတ်ကိစ္စ ညှိကြတာ အဆင်မပြေတဲ့နောက် အောက်တိုဘာ ၁ ရက်နေ့ကစလို့ အမေရိကန် ဖက်ဒရယ် အစိုးရ ယန္တရားကို ရပ်ဆိုင်းပြီး shutdownချလိုက်ရ(အမေရီကန်အစိုးရလုပ်ငန်းများရပ်ဆိုင်းရ)ပါတယ်။ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံကို စီမံအုပ်ချုပ်တဲ့ ကဏ္ဍမှာ အများကြီး အထိနာစေပြီးကျယ်ပြန့်တဲ့ ဂယက်ရိုက်ခတ်မှုတွေလည်း ရှိနိုင်ပါတယ်။
ရခိုင်ပြည်နယ်၊ရမ်းဗြဲနဲ့ မဒေးကျွန်းတွေကနေခရီးစတင်တဲ့ အဓိကပိုက်လိုင်းကြီး နှစ်ခုဟာတရုတ်နိုင်ငံထိ သွယ်တန်းနေပါတယ်။ ပိုက်လိုင်းတစ်ခုဟာ ကပ္ပလီပင်လယ်ထဲက သဘာဝ ဓာတ်ငွေ့တွေကို သွယ်တန်း ပေးပို့တာဖြစ်ပြီး တခြားပိုက်လိုင်းကတော့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက နိုင်ငံတွေဆီကနေတင်သွင်းလာတဲ့ရေနံစိမ်းတွေကို ပို့ဆောင်ပေးနေပါတယ်။