Hi, what are you looking for?
ယာဘလိုကာ (Yabloko) ပါတီဟာ ရုရှားမှာ ကျန်ရှိနေတဲ့ အဓိက စစ်ဆန့်ကျင်ရေးပါတီဖြစ်ပေမယ့်စက်တင်ဘာရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။ ဒါကြောင့်ရုရှားမှာ စစ်ဆန့်ကျင်ရေးနိုင်ငံရေး ပိုကျဉ်းလာပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေ့စဥ်ထုတ် သတင်းစာတစ်စောင်ဖြစ်တဲ့ The Daily Star မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်အရ၊ ဇွန်လ ၂၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တာရစ်ခ်ရာမန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်တို့ တွေ့ဆုံခဲ့စဉ်မှာတရုတ်ဘက်ကဘင်္ဂလားဒေ့ရှ်-တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(Bangladesh-China-Myanmar Economic Corridor - BCMEC) ကို အဆိုပြုခဲ့ပါတယ်။
အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်းငလျင်ကြီးအပြီးရက်ပိုင်းအကြာမှာတော့ဂျပန်ဟာ နိုင်ငံတောင်ပိုင်းကမ်းလွန်ပင်လယ်ပြင်အောက် သမုဒ္ဒရာချောက်ပြတ်ရွေ့ကြောကိုဗဟိုပြုလှုပ်ခတ်မယ့် ဧရာမငလျင်ကြီးတစ်ခုရဲ့သက်ရောက် ထိခိုက်မှု ခန့်မှန်း အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာတော့ မဂ္ဂနီကျု ၈.၀ အဆင့်ထက် ပိုတဲ့ ရေအောက်ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ဆူနာမီရေလှိုင်းတွေကြောင့် လူပေါင်း ၃ သိန်းနီးပါးလောက် သေဆုံးနိုင်တယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။