Hi, what are you looking for?
ယာဘလိုကာ (Yabloko) ပါတီဟာ ရုရှားမှာ ကျန်ရှိနေတဲ့ အဓိက စစ်ဆန့်ကျင်ရေးပါတီဖြစ်ပေမယ့်စက်တင်ဘာရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။ ဒါကြောင့်ရုရှားမှာ စစ်ဆန့်ကျင်ရေးနိုင်ငံရေး ပိုကျဉ်းလာပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေ့စဥ်ထုတ် သတင်းစာတစ်စောင်ဖြစ်တဲ့ The Daily Star မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်အရ၊ ဇွန်လ ၂၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တာရစ်ခ်ရာမန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်တို့ တွေ့ဆုံခဲ့စဉ်မှာတရုတ်ဘက်ကဘင်္ဂလားဒေ့ရှ်-တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(Bangladesh-China-Myanmar Economic Corridor - BCMEC) ကို အဆိုပြုခဲ့ပါတယ်။
ယူကရိန်းမှာ စစ်ရှိန် မြင့်တက်လာခြင်းနဲ့အတူ မြန်မာစစ်တပ်ဆီ တင်ပို့တဲ့ စစ်လက်နက်တွေ စီးဆင်း ဝင်ရောက်မှုဟာ အရှိန်လျော့လာတာ၊ ဒါမှမဟုတ် ရပ်တန့်သွားတာထိ ဖြစ်နိုင်ပါတယ်။ ပထဝီဝင် နိုင်ငံရေး ဂယက်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ဆင့်ပွား ရိုက်ခတ်မှုတွေဟာ မြန်မာနိုင်ငံက ပြည်တွင်းစစ်ရဲ့ အနိုင်အရှုံး ရလဒ် အတွက်တောင်...
အီရန်က လေယာဉ်တွေ မြန်မာနိုင်ငံကို ဆိုက်ရောက် ဆင်းသက်နေတာနဲ့ ပတ်သက်လို့ ထင်ကြေး အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ အထူးသဖြင့် အနိုင်ကျင့် ဗိုလ်ကျလွန်းတဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကို လက်နက် ရောင်းချမှု ပိတ်ပင်ပေးဖို့ နိုင်ငံတကာ တောင်းဆိုမှုတွေ မြင့်တက်လာချိန်မှာ အီရန်က လက်နက်တွေ ရောင်းချပေးတာမျိုး စစ်ရေး...
အခုဆိုရင် အာဏာသိမ်းခဲ့တာ တစ်နှစ်နီးပါး ကြာလာခဲ့ပါပြီ။ မင်းအောင်လှိုင်ဟာ နိုင်ငံအနှံ့မှာ မျှော်မှန်း မထားနိုင်လောက်တဲ့ အံတု ပုန်ကန်မှုတွေကို ပုံစံမျိုးစုံနဲ့ ကြုံနေရပါတယ်။ သူ့ကို ဆန့်ကျင်တဲ့ ပြည်လုံးကျွတ် သပိတ်တွေက မကြာခဏ ပေါ်ပေါက်လာနေဆဲ ဖြစ်သလို အာဏာသိမ်းမှုကို ဖီဆန်တဲ့ ဆန္ဒပြမှုတွေကလည်း အမျိုးမျိုး ဆက်ရှိနေပါတယ်။...
စစ်တပ်က အာဏာသိမ်းခဲ့တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ပြန့်လာခြင်းနဲ့အတူ တပ်ထဲကနေ ထွက်ပြေးပြီး ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ စစ်သား အရေအတွက်ကလည်း စစ်တပ်ကြီး တစ်ခုလုံး ပြိုလဲသွားတာမျိုး မဟုတ်တဲ့တိုင်အောင် တရိပ်ရိပ် တိုးပွားလာနေပါတယ်။ အောင်မျိုးထက်ဟာ စစ်သားတစ်ယောက် ဖြစ်လာဖို့ အမြဲတမ်း အိပ်မက်နေခဲ့သူပါ။...