Hi, what are you looking for?
ဒီတစ်ပတ်တော့ ကြည်မိတဲ့ တောင်ကိုရီးယားစီးရီး the Scarecrow ထဲက ဇာတ်ကောင်တချို့အကြောင်း စိတ်ထဲရှိနေမိတယ်။ ဒီဇာတ်လမ်းတွဲက ပြီးခဲ့တဲ့ ဧပြီနဲ့ မေလက ထုတ်လွှင့်ပြသခဲ့တာမို့ အတော်များများ ကြည့်ပြီးကြပါပြီ။ ဒီဇာတ်ကားဟာ တချိန်က တောင်ကိုရီးယားနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဟွာဆောင်းကွင်းဆက်လူသတ်မှုဖြစ်စဥ်ကို အခြေခံပြီး ဇာတ်အိမ်တည်ဆောက်ထားတာပါ။ ဒီဖြစ်ရပ်ကိုပဲ မှီငြမ်းပြီး...
ကျမနာမည် ယဲ့ရှုးရိုပါ။ မြေပိုင်ရှင် သူဌေးသမီးလေးတစ်ယောက်ပေါ့။ သူနဲ့စဆုံတုန်းက သူကော ကျမပါ အသက် ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ မှတ်မိပါသေးတယ်။ အဲဒီအချိန်က ဂျပန်ကိုတိုက်ထုတ်ပြီးချိန် ကျမတို့ရွာမှာ ဘုရားပွဲတွေ ပြန်ကျင်းပတော့ အလှည့်လှည့်ချိန် ကျမက ရှေ့ဆုံးကနေ အလံကိုင်ရတယ်။ အဲဒီလို အလံကိုင်ပြီး လှည့်ချိန်မှာ...
ဝဇီရာ/People’s Spring ၁၅၈၀ ပြည့်နှစ်ဝန်းကျင်၊ အင်္ဂလန်နိုင်ငံက အေးချမ်းလှတဲ့ ကျေးရွာလေးတစ်ရွာမှာ အက်ဂ်နက်စ်ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် နေထိုင်ပါတယ်။အဲဒီအချိန်မှာတချိန်ကျကမ္ဘာကျော် စာရေးဆရာကြီးဖြစ်လာမယ့် ရှိတ်စပီးယားဟာ အက်ဂ်နက်စ်ကိုတွေ့မြင်ပြီး သဘောကျသွားခဲ့တယ်။ မိခင်ကြီးက သဘောမတူတဲ့ကြားက အက်ဂ်နက်စ်ကို ယူခဲ့တယ်။ အက်ဂ်နက်စ်က နည်းနည်းလေးတော့ ထူးခြားတယ်။ သူက သဘာဝတရားကိုနားလည်တယ်။ ဆေးဖက်ဝင်အပင်တွေအကြောင်းလည်း...
အိမ်ကလေးတစ်လုံးထဲမှာနေပြီး တစ်ဦးနှင့်တစ်ဦး တိတ်ဆိတ်နေသော ဇနီးမောင်နှံနှစ်ဦး ရှိခဲ့ပါသည်။ တချိန်ကတော့ ထိုဇနီးမောင်နှံ သိပ်ချစ်ခဲ့ကြသည်။ သူတို့နှစ်ဦးတင်မကသေးပါ။ ချစ်လှစွာသော ၁၁ နှစ်အရွယ် သမီးငယ်လေးတစ်ယောက်လည်း ရှိခဲ့ဖူးလေသည်။အခုတော့ သူတို့ဇနီးမောင်နှံနှစ်ယောက်တည်းသာ အိမ်ကလေးထဲမှာ ခြောက်ကပ်ကျန်နေခဲ့သည်။