Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

ကျန်ရစ်သူတို့ရဲ့ကမ္ဘာ

ဝဇီရာ/People’s Spring

၁၅၈၀ ပြည့်နှစ်ဝန်းကျင်၊ အင်္ဂလန်နိုင်ငံက အေးချမ်းလှတဲ့ ကျေးရွာလေးတစ်ရွာမှာ အက်ဂ်နက်စ်ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် နေထိုင်ပါတယ်။အဲဒီအချိန်မှာတချိန်ကျကမ္ဘာကျော် စာရေးဆရာကြီးဖြစ်လာမယ့် ရှိတ်စပီးယားဟာ အက်ဂ်နက်စ်ကိုတွေ့မြင်ပြီး သဘောကျသွားခဲ့တယ်။ မိခင်ကြီးက သဘောမတူတဲ့ကြားက အက်ဂ်နက်စ်ကို ယူခဲ့တယ်။

အက်ဂ်နက်စ်က နည်းနည်းလေးတော့ ထူးခြားတယ်။ သူက သဘာဝတရားကိုနားလည်တယ်။ ဆေးဖ​က်ဝင်အပင်တွေအကြောင်းလည်း သိကျွမ်းတယ်။ သူတို့မှာ သမီးကြီး Susanna နဲ့ အမြွှာမောင်နှမဖြစ်တဲ့ Hamnet (သား)၊ Judith (သမီး) ဆိုပြီး သားသမီး (၃) ယောက် ထွန်းကားခဲ့ပါတယ်။

​ရှိတ်စပီးယားဟာ လန်ဒန်မြို့မှာ ပြဇာတ်လောကထဲ ရုန်းကန်နေချိန် အက်ဂ်နက်စ်ကတော့ ကလေးတွေနဲ့အတူ နေရပ်မှာ ကျန်ရစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ပလိပ်ရောဂါ (Plague) ဟာ သူတို့အိမ်တံခါးကို လာခေါက်ပါတော့တယ်။ အက်ဂ်နက်စ်ဟာ သူ့အမြွှာသမီးလေး ပလိပ်ရောဂါနဲ့ ရင်ဆိုင်ရချိန်မှာတော့…

Public Service Announcement

Public Service Announcement

ဒီရုပ်ရှင်ဟာ စာရေးဆရာမ Maggie O’Farrell ရဲ့ ဝတ္ထုကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲက ပြုလုပ်ခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆုအဖြစ် အမျိုးသမီးဒါရိုက်တာ ဖြစ်တဲ့ Chloe Zhao က ဆုရရှိခဲ့ပါတယ်။ မင်းသမီးJessie Buckleyလည်း အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု ရရှိခဲ့ပါတယ်။

ဒါရိုက်တာ Chloe Zhao ဟာ၂၀၂၁ ခုနှစ်မှာ Nomadland ရုပ်ရှင်နဲ့ အကောင်းဆုံးဒါရိုက်တာ Oscar ဆု ရရှိခဲ့သူပါ။သူမဟာ အဆိုပါဆုကို ရရှိတဲ့ ပထမဆုံးသော အာရှသူဖြစ်ပါတယ်။
အက်ဂ်နက်စ်အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး Jessie Buckley ကိုကြည့်ရတာ ရုပ်ရှင်ကို ကြည့်နေတာနဲ့ မတူဘဲ တစ်စုံတစ်ယောက်ရဲ့ နာကျင်မှုကို ဘေးကနေ ကိုယ်တိုင် မြင်တွေ့နေရသလိုမျိုးခံစားရမိတယ်။ အထူးသဖြင့် သူ့ရဲ့မျက်ဝန်းတွေ။

အက်ဂ်နက်စ်ကိုကြည့်ရင်း ကျနော် အညာက သားသမီးဆုံးရှုံးခဲ့ရတဲ့မိခင်တွေကို ပြေးပြေးမြင်နေမိတယ်။ ပဇီကြီးမှာ ချောင်းဦးမှာ ဒီပဲယင်းမှာ မြင်းမူမှာ ….

ညအိပ်ရင်း၊ အလှူထမင်းဝင်စားရင်း၊ ကျောင်းစာသင်ရင်း ကလေးဘာသာဘာဝ ဆော့ကစားရင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သားသမီးလေးတွေ ဆုံးရှုံးလိုက်ရတဲ့မိခင်တွေ။

“အဲဒီနေ့က ငါ့သားလေး ကျောင်းမပို့လိုက်မိရင်ကောင်းမှာ” “အဲဒီနေ့က ငါ့သမီးကလေး အလှူကို ထမင်းသွားမစားခိုင်းလိုက်မိရင်ကောင်းမှာ”စတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိကြတဲ့ မိခင်တွေလည်း အညာမှာ အများကြီး။

အက်ဂ်နက်စ်ရဲ့ခင်ပွန်းကတော့ ကမ္ဘာကျော်အနုပညာရှင်ကြီးပီပီ သူ့ရဲ့ နာကျင်မှုကို အနုပညာနဲ့ ဘယ်လို ပြန်လည်ကုစားသွားမလဲဆိုတာကတော့ ဇာတ်လမ်းရဲ့ အလှပဆုံး အပိုင်းပါပဲ။ ကျနော်တို့အားလုံးလည်း ကိုယ်စီနာကျင်ရတဲ့အခြေအနေတွေကနေ တချိန်မှာ ဘယ်လို တရားမျှတမှုနဲ့ ကုစားခွင့်မျိုးကို ရယူနိုင်မလဲဆိုတာကတော့….

ဆက်စပ်သတင်းများ

သတင်း

စစ်မှူထမ်းတာကို ထောက်ခံပြောဆိုခဲ့တဲ့ ရုပ်ရှင်မင်းသား နေအောင်ပါဝင်ထားတဲ့ "အမွေ" ရုပ်ရှင်ဇာတ်ကားဟာ ပထမရက်မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင်သွားခဲ့ကြောင်း ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

ဆောင်းပါး

"The White Balloon ကို ခံစားခြင်း"

သရော်စာ

လော့စ်အိန်ဂျလိစ် (Los Angeles) ရဲ့ နံနက်ခင်းတစ်ခု... ဘီဗာလီဟေးလ်စ် (Beverly Hills)က ခမ်းနားတဲ့ အိမ်ကြီးထဲမှာ ဟောလိဝုဒ် နာမည်ကျော် မင်းသမီးကြီး ဒယ်မီမိုး (Demi Moore) ဟာ ကော်ဖီခွက်ကိုင်ရင်း ဖုန်းမျက်နှာပြင်ပေါ်က သတင်းတွေကို မျက်မှောင်ကြုံ့ကာ ကြည့်နေတယ်။

သတင်း

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။

Facebook