Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

“ဒီနေ့ ပြန်မလာနိုင်ခဲ့ရင်…”

အိမ်ကလေးတစ်လုံးထဲမှာနေပြီး တစ်ဦးနှင့်တစ်ဦး တိတ်ဆိတ်နေသော ဇနီးမောင်နှံနှစ်ဦး ရှိခဲ့ပါသည်။ တချိန်ကတော့ ထိုဇနီးမောင်နှံ သိပ်ချစ်ခဲ့ကြသည်။ သူတို့နှစ်ဦးတင်မကသေးပါ။ ချစ်လှစွာသော ၁၁ နှစ်အရွယ် သမီးငယ်လေးတစ်ယောက်လည်း ရှိခဲ့ဖူးလေသည်။အခုတော့ သူတို့ဇနီးမောင်နှံနှစ်ယောက်တည်းသာ အိမ်ကလေးထဲမှာ ခြောက်ကပ်ကျန်နေခဲ့သည်။


▪︎If Anything Happens I Love You(၂၀၂၀)

ဝဇီရာ/People’s Spring

အိမ်ကလေးတစ်လုံးထဲမှာနေပြီး တစ်ဦးနှင့်တစ်ဦး တိတ်ဆိတ်နေသော ဇနီးမောင်နှံနှစ်ဦး ရှိခဲ့ပါသည်။ တချိန်ကတော့ ထိုဇနီးမောင်နှံ သိပ်ချစ်ခဲ့ကြသည်။ သူတို့နှစ်ဦးတင်မကသေးပါ။ ချစ်လှစွာသော ၁၁ နှစ်အရွယ် သမီးငယ်လေးတစ်ယောက်လည်း ရှိခဲ့ဖူးလေသည်။အခုတော့ သူတို့ဇနီးမောင်နှံနှစ်ယောက်တည်းသာ အိမ်ကလေးထဲမှာ ခြောက်ကပ်ကျန်နေခဲ့သည်။

ဇနီးမောင်နှံနှစ်ဦး စကားမပြောနိုင်ကြတော့ပေမဲ့ သူတို့၏ နာကျင်နေသည့် အရိပ်တွေကတော့ တစ်ဦးကိုတစ်ဦး ဖေးမနေကြသည်။ စကားတွေ ပြောနေကြသည်။

Public Service Announcement

Public Service Announcement

သမီးလေးငယ်ငယ်က ဘောလုံးကန်လိုက်လို့ နံရံမှာ စင်သွားတဲ့ဆေးစက်၊ သမီးဝတ်ခဲ့တဲ့ အပြာရောင် အင်္ကျီကလေး။ စသဖြင့် အိမ်ကလေးထဲတွင် သမီးငယ်လေး အငွေ့အသက်တွေ အများကြီးကျန်နေသေးသည်။သမီး​လေးအိပ်ခန်းကလေးက သူရှိစဥ်ကလိုပဲ အရာမယွင်းသေး။ သမီးလေးချစ်သော အရုပ်ကလေးတွေကိုလည်း ဒီအတိုင်းထားထားသည်။

အဲဒီနေ့ကို ဖေဖေကော မေမေပါမေ့မရ။ သမီးလေးကျောင်းသွားတာကို စိတ်ထဲကနေ လိုက်တားနေမိကြသည်။ သမီး​လေးကို အဲဒီနေ့က ငါတို့သာ ကျောင်းမသွားခိုင်းရင်ဆိုတဲ့အတွေး မကြာခဏဝင်နေသည်။

သမီး​လေး ကျောင်းရောက်ပြီး မကြာပါ။ သေနတ်သံတဒိုင်းဒိုင်း ကြားလိုက်ရသည်။သမီး​လေး တနေရာဝင်ပုန်းသည်။သမီးဖုန်းကိုထုတ်လိုက်သည်။ ဖေဖေနဲ့မေမေ့ဆီ စာတိုလေးပို့သည်။

“If Anything Happens I Love You”

“တစ်ခုခုဖြစ်လာခဲ့ရင် သမီး မေမေနဲ့ ဖေဖေကို ချစ်တယ်နော်”

စာတိုလေးပို့ပြီးနောက် သေနတ်သံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့လေသည်။

Netflix က ၂၀၂၀ ပြည့်နှစ်က ပြခဲ့သည့် “If Anything Happens I Love You”ဆိုသည့် အန်နီမေးရှင်း ဇာတ်ကားတိုလေးဖြစ်ပါသည်။

ကျောင်းတွင်းပစ်ခတ်မှုမှာ သေဆုံးခဲ့ရသည့် သမီးငယ်လေးအတွက် စိတ်ဒဏ်ရာများဖြင့် ဖြတ်သန်းနေကြရသော မိဘနှစ်ပါးအကြောင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက တော်လှန်ဒေသက ပြည်သူတွေ၏ စာသင်
ကျောင်းတွေကို လေကြောင်းကနေ ရက်ရက်စက်
စက် တိုက်ခိုက်ခဲ့ပါသည်။

မိဘတွေကတော့ ကိုယ့်သားကလေး သမီးက​လေး ပညာတွေတတ်ပါစေတော့၊ ငါတို့လို ​ခေတ်ဆိုးကြီးထဲ နောက်တခါမဖြတ်သန်းရပါစေနဲ့တော့ဟု ရည်
ရွယ်ကာ စာသင်ကျောင်းဆီ ပို့ခဲ့ကြသည်။

ညနေတောင် မရောက်သေး။ စာသင်ကျောင်းဆီ ပြေးကြရသည်။ စာသင်ကျောင်း လေကြောင်းတိုက်သွားသတဲ့။ နိုင်ငံတကာမှာတောင် မကြားဖူးသည့် ဖြစ်စဥ်မျိုး။ ကိုယ့်ပြည်သူတွေ၏ သားသမီးတွေကိုမှ ရက်ရက်စက်စက် လေကြောင်းတိုက်
ခိုက်သည့် စစ်တပ်။

အကျပ်အတည်းကာလအတွင်း ခက်ခက်ခဲခဲ ပညာ
သင်ကြားနေရသည့် ကလေးငယ်ပေါင်းများစွာ အသက်ပေးခဲ့ရပါသည်။ လွယ်အိတ်ကလေးတွေ၊ ဖတ်စာအုပ်ကလေးတွေမှာ သွေးတွေ စွန်းထင်းကုန်သည်။ တချို့က ကိုယ့်သားသမီး ရုပ်အလောင်းတောင်မပေါ်တော့။

သားသမီးဆုံးရှုံးခဲ့ရသည့် အညာက ကလေးမိဘများသည် စိတ်ဒဏ်ရာများဖြင့် ဖြတ်သန်းနေကြရသည်။ မိသားစုဝင်အချင်းချင်းလည်း စကားတွေမပြောနိုင်။ တိတ်ဆိတ်သွားခဲ့ကြသည်။ စစ်ကောင်စီပေးခဲ့သည့် စိတ်ဒဏ်ရာ​များဖြင့် တစ်ဘဝလုံး ဖြတ်သန်းကြရတော့မည်ဖြစ်သည်။

မြန်မာပြည်တွင်း ဘယ်ဒေသမဆို မလုံံခြုံမှုတွေနှင့် ပြည့်နှက်နေပါသည်။ ကိုယ့်သား ကိုယ့်သမီးလေးတွေ အိမ်အပြင်ထွက်သည်နှင့် မိဘတွေခမျာ ရင်တမမနှင့် ကျန်ခဲ့ရသည်။ အိမ်ပြန်ရောက်လာမှ ဟင်း ချနိုင်သည်။ နောက်တရက်ကျတော့လည်း စိုးရိမ်ရပြန်သည်။ ပြန်မလာနိုင်တော့သည့် သား
သမီးလေးတွေလည်း များသထက်များလာခဲ့သည်။

ဇာတ်ကားထဲက သမီးလေးကတော့ သူ့မိဘတွေကို တစ်ခုခုဖြစ်လာခဲ့ရင် သမီးချစ်တယ်နော်ဟု နှုတ်ဆက်နိုင်ခဲ့သည်။ ကျနော်တို့ဆီမှာတော့ နှုတ်မဆက်နိုင်တော့ဘဲ ထွက်ခွာသွားခဲ့သည့် ရတနာလေးတွေ အမြောက်အမြားရှိခဲ့သလိုလက်ရှိလည်း ရှိနေဆဲပင် ဖြစ်ပါသည်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်မှူထမ်းတာကို ထောက်ခံပြောဆိုခဲ့တဲ့ ရုပ်ရှင်မင်းသား နေအောင်ပါဝင်ထားတဲ့ "အမွေ" ရုပ်ရှင်ဇာတ်ကားဟာ ပထမရက်မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင်သွားခဲ့ကြောင်း ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

ဆောင်းပါး

"The White Balloon ကို ခံစားခြင်း"

သရော်စာ

လော့စ်အိန်ဂျလိစ် (Los Angeles) ရဲ့ နံနက်ခင်းတစ်ခု... ဘီဗာလီဟေးလ်စ် (Beverly Hills)က ခမ်းနားတဲ့ အိမ်ကြီးထဲမှာ ဟောလိဝုဒ် နာမည်ကျော် မင်းသမီးကြီး ဒယ်မီမိုး (Demi Moore) ဟာ ကော်ဖီခွက်ကိုင်ရင်း ဖုန်းမျက်နှာပြင်ပေါ်က သတင်းတွေကို မျက်မှောင်ကြုံ့ကာ ကြည့်နေတယ်။

သတင်း

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။

Facebook