Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

လမ်းပြသူ

၁၉၅၇ ခုနှစ်၊ ခရစ္စမတ်အကြိုညမှာ လူငယ်လေယာဉ်မှူး Freddie Hooke ဟာ ဂျာမနီကနေ အင်္ဂလန်ကို တစ်ယောက်တည်း လေယာဉ်မောင်းပြီး ပြန်လာခဲ့ပါတယ်။ လမ်းခုလတ် မြောက်ပင်လယ် (North Sea) အထက်မှာ သူ့လေယာဉ်ရဲ့ လျှပ်စစ် စနစ်တစ်ခုလုံး ပြတ်တောက်သွားပြီး ရေဒီယိုရော၊ သံလိုက်အိမ်မြှောင်ပါ အလုပ်မလုပ်တော့ပါဘူး။

The Shepherd (2023)

ဝဇီရာ/People’s Spring

၁၉၅၇ ခုနှစ်၊ ခရစ္စမတ်အကြိုညမှာ လူငယ်လေယာဉ်မှူး Freddie Hooke ဟာ ဂျာမနီကနေ အင်္ဂလန်ကို တစ်ယောက်တည်း လေယာဉ်မောင်းပြီး ပြန်လာခဲ့ပါတယ်။ လမ်းခုလတ် မြောက်ပင်လယ် (North Sea) အထက်မှာ သူ့လေယာဉ်ရဲ့ လျှပ်စစ် စနစ်တစ်ခုလုံး ပြတ်တောက်သွားပြီး ရေဒီယိုရော၊ သံလိုက်အိမ်မြှောင်ပါ အလုပ်မလုပ်တော့ပါဘူး။

ဆီကလည်း ကုန်ခါနီး၊ မြေပြင်မှာလည်း မြူတွေဆိုင်းနေတဲ့အတွက် သူဟာ ကောင်းကင်ယံမှာ လမ်းပျောက်ပြီး သေဘေးနဲ့ ရင်ဆိုင်ရပါတော့တယ်။ အဲဒီအချိန်မှာပဲ မြူတွေကြားထဲကနေ ရှေးဟောင်းလေယာဉ်တစ်စီး ပေါ်လာပြီး သူ့ကို ဘေးကင်းရာဆီ လမ်းပြ (Shepherd) ခေါ်ဆောင်သွားခဲ့တယ်။

Public Service Announcement

Public Service Announcement

လေဆိပ်ရောက်တော့ သူ့ကို လာခေါ်ပေးတဲ့ လမ်းပြလေယာဉ်မှူးကြီးရဲ့ အကူအညီနဲ့ Freddie ဟာ မြူထူတွေကြားကနေ လေယာဉ်ကွင်းဟောင်းတစ်ခုဆီ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

Freddie ဆင်းသက်ပြီးပြီးချင်းမှာပဲ သူ့ကို လမ်းပြပေးခဲ့တဲ့ Mosquito အမျိုးအစား လေယာဉ်ကြီးဟာ ကောင်းကင်ယံထဲမှာပဲ အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ Freddie ဟာကျေးဇူးတင်စကားလေးတောင်မပြောခဲ့လိုက်ရပါဘူး။

Freddie ဟာ လေယာဉ်ကွင်းရုံးခန်းကိုရောက်တော့ အနားယူရင်း ဓာတ်ပုံံတစ်ပုံကို တွေ့လိုက်ရပါတယ်။ အဲဒီဓာတ်ပုံထဲက လူကတော့ Freddie ကို လမ်းပြခဲ့တဲ့ လေယာဥ်မှူးကြီး ဖြစ်နေတာပါ။

လေယာဥ်ကွင်းက တာဝန်ရှိသူကို မေးကြည့်တော့ လွန်ခဲ့တဲ့ ၁၄ နှစ် (ဒုတိယကမ္ဘာစစ်အတွင်း၊ ၁၉၄၃ ခုနှစ်) ခရစ္စမတ်ညမှာ Freddie လိုပဲ လမ်းပျောက်နေတဲ့လေယာဉ်မှူးတွေကိုလမ်းပြကူညီရင်းပျောက်ဆုံးသွားသူပါတဲ့။

ပြီးခဲ့တဲ့ နှစ်နှစ်လောက်က စစ်ကိုင်းတိုင်းထဲက မီးရှိူ့ခံရပြီး​ ရဲဘော်တွေပါ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတဲ့ ရွာလေးတစ်ရွာက ရဲဘော်တစ်ဦးနဲ့ စကားပြောခဲ့ဖူးပါတယ်။ ညညဆို ပြာကျနေတဲ့ ရွာထဲမှာ ရဲဘော်တွေရဲ့ ကင်းပတ်ရင် ကြားနေကျ ခြေသံတွေ ကြားရပါသတဲ့။

ပြည်သူတွေကတော့ အဲဒီသတင်းကြားလိုက်မိတော့ ပိုပြီး စိတ်ထိခိုက်ကြ၊ ကြေကွဲကြပါတယ်။ ဘဝကူးသွားတာတောင် ရဲဘော်တွေဟာ တော်လှန်ရေးမှာ ဆက်ပါနေတုန်းပါပဲလို့ သူက ပြောပြခဲ့တယ်။

နွေဦးတော်လှန်ရေးကာလ ၅ နှစ်ပြည့်ပါ​တော့မယ်။ ပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေရဲ့အသက်တွေလည်း မနည်းမနောပါ။ သူတို့တတွေ တမလွန်ကနေ စိတ်ဖြောင့်မယ်တော့ မထင်ပါ။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

ဆောင်းပါး

ပြည်ပရောက်နေတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မြန်မာပြည်မှာ တစ်ပတ်ကို မြန်မာရုပ်ရှင် ​ဇာတ်ကားသစ်နှစ်ကား ရုံတင်နေတာ တော်တော်အိုကေနေပြီလားလို့ ထင်မိကြမှာပါ။ ရုပ်ရှင်ပရက်ရှိုးတွေမှာ လူတွေစည်ကားနေတာတွေကိုကြည့်ရင်း မြန်မာနိုင်ငံမှာ စစ်တပ်က တကယ်ကော အာဏာသိမ်းထားတာ ဟုတ်ပါ့မလားလို့တောင် ထင်မိသွားနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေထင်သလို လုံးဝ မဟုတ်ပါဘူး။

သတင်း

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။

ရုပ်ရှင်ခံစားမှု

မိုးရွာတဲ့ မနက်ခင်းတွေဆို ကျွန်တော် ကျောင်းမသွားချင်ဘူး။ မိုးရွာပြီဆိုရင် ကျွန်တော့်အတွက် သီးခြားကမ္ဘာလေးတစ်ခုဖြစ်စေတဲ့ အဲဒီနေရာလေးမှာ အချိန်ကုန်ဆုံးလေ့ရှိတယ်။ တိုကျိုမြို့လယ်ခေါင်က Shinjuku Gyoen National Garden ထဲမှာရှိတဲ့ ဂျပန်ရိုးရာ ဇရပ်လေးပါ။ ပတ်ပတ်လည်မှာ စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေ ဝန်းရံထားပြီး၊ ဘေးမှာတော့ ရေကန်ကျယ်ကြီးတစ်ခု ရှိပါတယ်။