Hi, what are you looking for?
စစ်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။
ရန်ကုန်မြို့မှာမြန်မာစကားမပြောတဲ့ အသားဖြူဖြူ မျက်လုံးပေါက်ကျဉ်းကျဉ်း မျက်နှာစိမ်းတွေ တိတ်တဆိတ် ရောက်နေပါတယ်။ ကျားဖြန့်နှိမ်နင်းဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ တရုတ်ရဲတပ်ဖွဲ့က အရာရှိနဲ့ တပ်ဖွဲ့ဝင်တချို့ ရန်ကုန်မြို့မှာရောက်နေပြီလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ တရားရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာ စစ်အုပ်စုဟာ မန္တလေးမြို့ထဲ စစ်ဆေးမှုတွေကို ပိုမိုအရှိန်မြှင့်တင်လိုက်ပါတယ်။ အရင် တစ်ရက် ဆယ်ဖွဲ့ဝန်းကျင်နဲ့ ဖမ်းဆီးရာကနေ ယခုတော့ တစ်ရက် ၁၆ ဖွဲ့ထက်မနည်း စစ်ဆေးဖမ်းဆီးနေကြောင်း မန္တလေးမြို့က ကင်းထောက်အဖွဲ့ဖြစ်တဲ့ MDY Revolution ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အေးချမ်းတစ်ယောက် အကြပ်ရိုက်နေသည်။ သဘက်ခါရောက်လျှင် တက္ကသိုလ်စတက်ရမည်ဖြစ်သည်။ သို့သော် ပြီးခဲ့သောနာရီ၀က်က ၀င်လာသောဖုန်းကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်။ သူတက်မည့်တက္ကသိုလ်၏ ကျောင်းသားရေးရာဌာနက ဖုန်းဖြင့် ဆက်သွယ်လာပြီး ကျောင်းစတက်မည့် နို၀င်ဘာ ၂၄ ရက်နေ့တွင် ကြိုတင်မဲပေးပြီးကြောင်းထောက်ခံချက်ပါရှိမှသာ ကျောင်းတက်ခွင့်ပြုမည်ဟုဆိုသောကြောင့်ဖြစ်၏။