Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည် လေလံမြောင်ရွာကို စစ်တပ် ဗုံးကြဲလို့ ကလေးငယ် ၄ဦး အပါအဝင် ၈ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင် လေလံမြောင်(လေလာမြောင်)ကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစု ၂ခုက ပြည်သူ ၈ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - ပေးပို့)

ဇူလိုင် ၂၇၊ ၂၀၂၆။ ထားမြတ်၊ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ တောင်ငူခရိုင် လေလံမြောင်(လေလာမြောင်)ကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစု ၂ခုက ပြည်သူ ၈ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဇူလိုင် ၂၅ရက် နေ့လည်ပိုင်းမှာ လေလာမြောင်ကျေူရွာကို ပေါင် ၂၅၀ ဗုံးသီး ၂လုံး ကြဲချပြီး စက်သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် ပြည်သူလူထုတွေ သေဆုံးခဲ့ရတာလို့ အသိပေးပါတယ်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိသားစုတစ်ခုမှ မိသားစုဝင် ၅ဦး၊ နောက်ထပ် မိသားစုက ၃ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးခဲ့သူ ၈ဦးအနက် အသက် ၇နှစ်ကနေ ၁၈နှစ်အကြားရှိ ကလးငယ် ၄ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူသေဆုံးထိခိုက်တာတွေအပြင် ဘာသာရေးအဆောက်အဦးအချို့ ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ အဲဒီနေ့ ညနေပိုင်းမှာ ဒေသတွင်းက စကွေးရွာအရှေ့ဘက် ဆွာတမံအနီးဝန်းကျင် နေရာ ၂ခုကိုလည်း လေကြောင်း တိုက်ခိုက်မှု ၄ကြိမ် ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပြီး အဲဒီ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးအခြေအနေတွေ စုံစမ်းနေဆဲလို့ အသိပေးပါတယ်။

” အခုလို အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်ကျူးလွန်မှုလည်းဖြစ်ပါတယ်” လို့ ပဲခူးတိုင်း စစ်ဌာနက ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဒေသခံတွေကို ပဲခူးတိုင်းစစ်ဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆေးဘက်ဆိုင်ရာကူညီမှုအပါအဝင် လိုအပ်သော ကူညီမှုများကို လုပ်ဆောင်ပေးခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရေတာရှည်မြို့နယ်အတွင်းက ကျေးရွာတွေကို ပစ်မှတ်ထားတဲ့လေကြောင်း တိုက်ခိုက်မှုတွေကို အခုလပိုင်းအတွင်း မကြာခဏ ပြုလုပ်နေလို့ ပြည်သူထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ဒေသတွင်း ကာကွယ်ရေးတပ်တွေက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။