Connect with us

Hi, what are you looking for?

သတင်း

ရှမ်းနီ(SNA)တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်း​တွေယူလာပြီး PDF ထံအလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

အလင်းဝင်လာတဲ့ ရှမ်းနီတပ်-SNA တပ်ဖွဲ့ဝင်ယူလာတဲ့ လက်နက်ခဲယမ်း​တွေ။ ဓါတ်ပုံ-တမူးခရိုင်တပ်ရင်း-၂

ဇူလိုင်-၂၇၊၂၀၂၆။ကဖေး/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

SNA တပ်မဟာ(၈၉၁)၊ တပ်ရင်း(၃)က တပ်သားတစ်ဦးဟာ ဇူလိုင်လ ၁၇ရက်မှာအလင်းဝင်လာတာလို့ တမူးခရိုင်၊အမှတ်(၂)တပ်ရင်းကဇူလိုင်က၂၇ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူက AK-47 (၁)လက် ၊ကျည်ဘောက်(၄)ခု၊ 62ကျည်(၂၀၁)တောင့် ၊G-3ကျည် (၁၂)တောင့် ၊ဖုန်း (၁)လုံး ၊၁၄မိုင်း (၁) လုံး၊ လက်ပစ်ဗုံး (၁)လုံးယူဆောင်လာတာကြောင့် ဆုကြေးငွေချီးမြှင့်ပြီး ၎င်းရဲ့ဆန္ဒအတိုင်းဆက်လက်ဆောင်ရွက်​ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

တမူးခရိုင်အတွင်းမှာ မြို့သစ်မြို့၊ ခါမ်းပါတ်မြို့နဲ့ တမူးမြို့တို့ ပါဝင်ပါတယ်။ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်မေလမှာသိမ်းယူခဲ့ပြီး ထိန်းချုပ်ထားပါတယ်။ လက်ရှိမှာ ခမ်းပါတ်မြို့နယ်အတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။

ကလေး- ခမ်းပါတ် – တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အဝေးပြေးလမ်းမကြီးမှာပါဝင်ပါတယ်။ အဲ့ဒီလမ်းကြောင်းကို မိုးမကျမီ ထိန်းချုပ်ပြီဖွင့်လှစ်ဖို့ ကြိုးစားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လဆန်းကအိန္ဒိယခရီးစဥ်မှာအာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယအစိုးရကို ပြောခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း ကလေး၊တမူး၊ ခမ်းပါတ်မြိုနယ်တွေထဲကို လေကြောင်းကနေဗုံးကြဲပြီး စစ်ကြောင်းတွေထိုးပြီးထိန်းချုပ်ဖို့ကြိုးစားနေတာ​ကြောင့် ​တော်လှန်​ရေးတပ်​တွေနဲ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာပါ။စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်း အများအပြားပါဝင်ပြီး ရှမ်းနီတပ်(SNA)နဲ့ အိန္ဒိယအစိုးရကိုတော်လှန်နေတယ်ဆိုတဲ့ ကသည်းတပ်‌နဲ့ နာဂလက်နက်ကိုင်တပ်တွေလည်းပါဝင်တယ်လို့ တော်လှန်ရေးတပ်တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ ဝန်းသိုမြို့နဲ့ ထီးချိုင့်မြို့ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ၂ ကြောင်းလုံး စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး သေဆုံး၊ အလင်းဝင်သူတွေ အများအပြား ရှိတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်သားအချို့ အလင်းဝင်လာတာရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့က ဒီဂရီကောလိပ်ကျောင်းအတွင်းမှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်( SNA) တပ်ဖွဲ့ဝင် ကျောင်းသားတစ်ဦးက အခြားကျောင်းသားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒေသတွင်းမှာ SNA တပ်ဖွဲ့ဝင်တွေ ရမ်းကားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။