Connect with us

Hi, what are you looking for?

သတင်း

တပ်ဖွဲ့ဝင်တွေစစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဟု TNLA ပြောရေးဆိုခွင့်ရှိသူငြင်းဆို

သတင်း

ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လူမျိုးရေးနဲ့ဘာသာရေးအသုံးချပြီး စစ်သားစုဆောင်နေသလို ဒေသခံလူထုရဲ့စည်းလုံးမှုကွဲအောင် လှုံ့ဆော်နေတဲ့အတွက် ဆန့်ကျင်ဖို့နဲ့ ချိန်းခြောက်ခံရပါက လာရောက်ခိုလှုံကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ဧရာဝတီမြစ်ရေလယ်ကျွန်းဒေသကိုဒီနေ့ (အောက်တိုဘာ၁၆ ရက် )ညနေပိုင်းမှာအာဏာသိမ်းစစ်တပ်ကလေ ကြောင်းကနေတိုက်ခိုက်တာကြောင့်အမျိုးသမီးနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

မကွေးတိုင်း ရေစကြိုမြို့နယ်ကို စစ်တပ်က ဒရုန်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရဲဘော်ဝေကြီးက ပြောပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းထားတဲ့ ၄ နှစ်တာကာလအတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၈၀ ကျော် ကြုံခဲ့ရပြီး သေဆုံးသူ ၁၆၀ နီးပါး ရှိခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က မတ်လ ၄ ရက်မှာစာရင်းဖော်ပြပါတယ်။

သတင်း

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ပူးတွဲပြုလုပ်သည့် အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ရက်ကကျင်းခဲ့ကြောင်း အဆိုပါတပ်ဖွဲ့များက ယနေ့(မတ်လ ၆ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် လမ်းသွားလမ်းလာလူငယ်တစ်ဦးအား စစ်ကောင်စီ၏ ရဲတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ပြီး မိသားစုအား ရုပ်အလောင်းလာထုတ်ခိုင်းသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

သတင်း

မြန်မာနိုင်ငံသည် အခြေအနေပေးသည်နှင့် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ်၏ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာမည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

သတင်း

ကဖေး/People’s Spring ကျားဖြန့်‌ ငွေလိမ်လုပ်ငန်းများတွင် ပါဝင်နေသည်ဟုတရုတ်ရဲတပ်ဖွဲ့၏ သတင်းပေးပို့မှုဖြင့် စစ်​ကောင်စီကဖမ်းဆီးထားသည့် ယာယီအရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တိုင်းမှူးအပါအဝင် လေးဦးအနက် ရမခတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးကို ပြန်လွှတ်လိုက်သည်။ “ဘိုးတော်( စစ်ကောင်စီခေါင်းဆောင်) တက်တဲ့ဗထူးတပ် သင်တန်းဆင်းပွဲကို လှမ်းဖိတ်ပြီး တခါတည်းဖမ်းခေါ်သွားတာ။ နေပြည်တော်ကို။ အခုကတော့ ဗိုလ်မှူးကြီးထွန်းနိုင်စိုး ပြန်လွတ်လာတာမှန်တယ်” ဟု နေပြည်တော် သတင်းရင်းမြစ်က...

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူ ထိခိုက်မှု၊ နေအိမ်နှင့် စာသင်ကျောင်း ပျက်စီးမှုများရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

ကွတ်ခိုင်မြို့ နယ် မုံးစီးဒေသ၌ မတ်လ ၅ရက်ကဖြစ်ပွားခဲ့သည့် ကိုးကန့်တပ်မတော် (MNDAA)၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ အရပ်သား ၆ဦးအထိရှိပြီး အားလုံးသည် အရပ်သားများသာဖြစ်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသသတင်းရင်းမြစ်တို့က ပြောသည်။

သတင်း

ရှမ်းပြည်နယ်​တောင်ပိုင်းရှိ၊ ဖယ်ခုံမြို့နယ်၊အုံတိုင်းကျေးရွာရှိဘုန်းတော်ကြီးကျောင်း မှ ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးနှင့် အမျိုးသားတစ်ဦးကိုသတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးမှုစတင်နေပြီဟု မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ကြီးမားတဲ့ အကျပ်အတည်းတွေကြား ရုန်းကန်နေရတဲ့ လူ့အဖွဲ့အစည်းတွေ၊ ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေ၊ သူတို့ကို လက်ခံ ကူညီထားသူတွေအတွက် လူသားချင်း စာနာမှု ရန်ပုံငွေ ယူရို ၇၆ သန်း ခွဲတမ်းသတ်မှတ် ထောက်ပံ့သွားမယ်လို့ ဥရောပ ကော်မရှင်က ကြေညာခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ILOရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

Facebook