Connect with us

Hi, what are you looking for?

သတင်း

အခြေအနေပေးသည်နှင့် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာမည်ဟု မြန်မာသံအမတ်ကြီးပြော

မြန်မာနိုင်ငံသည် အခြေအနေပေးသည်နှင့် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ်၏ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာမည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

▪️စစ်ခေါင်းဆောင်၏ ရုရှားခရီးစဥ်အတွင်း နျူကလီးယားဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆို

အီယိုရီ/People’s Spring

မြန်မာနိုင်ငံသည် အခြေအနေပေးသည်နှင့် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ်၏ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာမည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ယမန်နေ့(မတ်လ ၅ရက်) ကျင်းပသော နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ တတိယအကြိမ်အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးက ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်တွင် မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ်ကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဆောင်ရွက်ချက်နှင့်အညီ အတည်ပြုလက်မှတ်ရေးထိုးခြင်းလုပ်ငန်းစဉ်ကိုလည်း ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်၏ တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ်ကို အတည်ပြုလက်မှတ် ရေးထိုးနိုင်ရေး လုပ်ငန်းစဉ်များမှာ အဟောသိကံ ဖြစ်ခဲ့ရကြောင်း သံအမတ်ကြီးက ရှင်းလင်းသည်။

တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိသော်လည်း မြန်မာနိုင်ငံသည် စာချုပ်၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်းရန် ကတိကဝတ်ပြုထားကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုနှင့် စစ်တပ်က ဆက်လက်ကျူးလွန်နေသည့် ရက်စက် ကြမ်းကြုတ်မှုများသည် နိုင်ငံ၏ ငြိမ်းချမ်းရေးအခြေခံများကို ပြိုကွဲစေခဲ့ပြီး နိုင်ငံသားများအ‌ပါ် ဆင်းရဲဒုက္ခများ ပေါ်ပေါက်စေကာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကိုလည်း ထိခိုက်စေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောသည်။

ထို့ကြောင့် နိုင်ငံတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ထူထောင်နိုင်ရန်အလို့ငှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် မြန်မာပြည်သူများက သန္နိဋ္ဌာန် ချထားပြီးဖြစ်ပြီး ယင်းအတွက် ပြဿနာ အရင်းအမြစ်ကိုဖြေရှင်းရန် နှင့် မြန်မာပြည်သူများအပေါ် ပံ့ပိုးကူညီပေးရန် နိုင်ငံတကာ အသိုက်အဝန်းအား သံအမတ်ကြီးက တိုက်တွန်းသည်။

အကြမ်းဖက် စစ်တပ်ထံသို့ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်းများနှင့် ဂျက်လေယာဉ်ဆီ စီးဆင်းမှုကို ဖြတ်တောက်ခြင်းဖြင့် မြန်မာပြည်သူများကို ကူညီပေးကြရန်လည်း သံအမတ်ကြီးက မေတ္တာရပ်ခံသည်။

သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုရှားခရီးစဥ်အတွင်း ရုရှားသမ္မတ ဗီလာဒီမာပူတင်၏ ရှေ့မှောက်၌ နှစ်နိုင်ငံသဘောတူညီချက်စာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၁၅ ခု ရေးထိုးခဲ့ရာ မြန်မာနိုင်ငံ၌ ၁၁၀ မဂ္ဂါဝပ် အငယ်စားမော်ဂျူလာဓာတ်ပေါင်းဖို စီမံကိန်း တည်ဆောက်ရန် သဘောတူခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဓာတ်ပေါင်းဖိုတည်ဆောက်ရေးစီမံကိန်းမှာ နှစ်နိုင်ငံအကြား အပြန်အလှန်ဆောင်ရွက်ချက်များ၏ သတ်မှတ်ချက်များနှင့်အညီ ၃၃၀ မဂ္ဂါဝပ်ထိ ထပ်မံတိုးချဲ့နိုင်ကြောင်း သဘောတူညီခဲ့ကြောင်း ကမ္ဘာတဝန်းနျူကလီးယားဆိုင်ရာ သတင်းများဖော်ပြနေသည့် World Nuclear News က ရေးသားသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာတွင် အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရာတွင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဥ်းဥပဒေနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်သမ္မတရဲ့ အလည်အပတ် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ မြောက်ကိုရီးယားက နိုင်ငံရဲ့ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေမယ့်အကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား လက်နက်အင်အားကို ထူးထူးကဲကဲ မြှင့်တင်သွားဖို့ သံန္နိဋ္ဌာန် ချထားကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် အရေးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ သဘောထား ကွဲလွဲမှုတွေဟာ အမေရိကန်နဲ့ တရုတ်ကြား နျူကလီးယား တင်းမာမှု အဆင့်ထိ ရောက်ရှိသွားစေနိုင်ကြောင်း ထိပ်တန်း ကာကွယ်ရေး သုတေသန အဖွဲ့တစ်ခုက သတိပေးခဲ့ပါတယ်။