Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်မှ ဘုန်း​တော်ကြီးတပါးအသတ်ခံရမှုမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီစတင်စုံစမ်းစစ်​ဆေး

ရှမ်းပြည်နယ်​တောင်ပိုင်းရှိ၊ ဖယ်ခုံမြို့နယ်၊အုံတိုင်းကျေးရွာရှိဘုန်းတော်ကြီးကျောင်း မှ ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးနှင့် အမျိုးသားတစ်ဦးကိုသတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးမှုစတင်နေပြီဟု မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်​တောင်ပိုင်းရှိ၊ ဖယ်ခုံမြို့နယ်၊အုံတိုင်းကျေးရွာရှိဘုန်းတော်ကြီးကျောင်း မှ ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးနှင့် အမျိုးသားတစ်ဦးကိုသတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးမှုစတင်နေပြီဟု မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ကရင်နီပြည်၊ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုံတိုင်းကျေးရွာတွင် ၂၀၂၅ ခုနှစ် မတ်လ (၄) ညနေ‌ (၄) နာရီ ဝန်းကျင်အချိန်၌ အုံတိုင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးနှင့် အမျိုးသားတစ်ဦးအား အမည်မသိ လက်နက်ကိုင်သူ တစ်စုမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မဖယ်ခုံမြို့နယ်အတွင်းရှိ လူမျိုး တစ်မျိုးနှင့်တစ်မျိုး၊ ဘာသာရေး တစ်ခုနှင့်တစ်ခု အထင်မြင်လွှဲမှားအောင် မှိုင်းတိုက်သော လုပ်ရပ်တစ်ခု ဖြစ်ကြောင်း မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်သည် နိုင်ငံရေး၊ ဘာသာရေး အထိကရုဏ်းကို ဖန်တီးလုပ်ဆောင်ခြင်း ဖြစ်ကာ အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း အသိပေးသည်။

“ မြေပြင်မှာ စုံစမ်းစစ်ဆေးမှုတွေစနေပြီ။အဓိကတော့ ပြည်သူ့လူထုလုံခြုံရေးကိုစဥ်စားရပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် နားဟီးကျေးရွာအုပ်စု အုပ်စုမှူးနှင့်အတူ KSP ကရင်နီပြည်ရဲဌာန၊ဖယ်ခုံ ရဲတပ်ဖွဲ့ တို့နှင့် ပူးပေါင်းလက်တွဲကာ ဖြစ်စဉ် ကျုးလွန်သူများအား စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေနှင့်အညီ ပြင်းထန်စွာ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ထား သည်။

စစ်ကောင်စီဝါဒဖြန့်သူများကမူ PDF များက သတ် ဖြတ်သွားကြောင်း သတ်ဖြတ်ခံရသည့် ဦးဇင်းတစ်ပါးနှင့် အိုက်ပီး တို့သည် NLD အမာခံများဖြစ်ပြီး တော် လှန်ရေးတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသူများဟု မတ်လ ၅ ရက်နေ့ ညပိုင်းကစ၍ လူမှုကွန်ယက်၌ ဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရသည်။

ကျောင်းထိုင်သံဃာတော် နှင့် အမျိုးသားတစ်ဦးအား လက်နက်ကိုင်လူတစ်စုမှ သေနတ်ဖြင့်ပစ်ခတ်သတ် ဖြတ်ခံရမှု သည် ၎င်းတို့နှင့် လုံးဝမသက်ဆိုင်ကြောင်း ဖယ်ခုံPDF(၁၀၀၆ တပ်ရင်း) ကလည်း ယနေ့ ထုတ်ပြန်သည်။

တရားသောအမှုမှန်ပေါ်ပေါက်ရေး ပအဖများ နှင့် ပူး ပေါင်းကာ တပ်ရင်းအနေဖြင့် လိုအပ်သည်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်းဖယ်ခုံ PDF က အသိ​ပေးသည်။

၂၀၂၄ခုနှစ်အောက်တိုဘာလ ကလည်း ဖယ်ခုံမြို့နယ်၊လအိရွာတောင်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော် ၉ ဆူ၏ ဦးခေါင်တော်ဖြတ်၊ဖျက်စီးသောဖြစ်စဥ်ရှိခဲ့ဖူးကာ ကရင်နီအကြမ်းဖက်များ​က ဖျက်ဆီးသည်ဟု စစ်ကောင်စီဝါဒဖြန့်သူများကလှုံဆော်ခဲ့ဖူသည်။

ထိုကဲ့သို့ ဘာသာ​ရေး၊လူမျိုး​ရေး ပဋိပက္ခဖြစ်​စေရန်​ဆောင်ရွက်မှုများမှာ စစ်​အုပ်စုက ရှမ်းပြည်နယ်​တောင်ပိုင်းရှိ PNO/PNA ပြည်သူ့စစ်များကို ကရင်နီ​တော်လှန်​ရေးတပ်များနှင့် PDF များကို အမြင်မှားပြီး စစ်တိုက်လိုစိတ်ရှိလာ​အောင် ဘာသာ​ရေးမှိုင်းတိုက်​သော လုပ်ရပ်ဖြစ်ပြီး စစ်တပ်ကအစဥ်အဆက် ပြုလုပ်ခဲ့​သော​ခြေရာ ၊လက်ရာမျိုးဖြစ်၍ အထူးသတိထားကြရန်လို​ကြောင်း ရှမ်းပြည်​တောင်းပိုင်းမှ​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။ပအိုဝ်လူမျိုးများမှာ ဘာသာ​ရေး ယုံကြည်သက်ဝင်မှု မြင့်မား၍ စစ်အုပ်စုကထိုအချက်ကိုကိုင်၍ မကြာခဏ လိုသလို ကစား​လေ့ရှိ​ကြောင်းလည်း၎င်းကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ စစ်တပ်လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်ကတောင်စလုံးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူတွေများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ မြေပြင်ရဲဘော်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ်းပြည်သူ့စစ်ကကျေးရွာမီးရှို့လိုက်လို့ ထွက်ပြေးလာတဲ့ ဖယ်ခုံမြို့နယ် ဘောရန်ရွာဒေသခံအချို့ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ဘောရန်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားတွေက မီးတင်ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။