Connect with us

Hi, what are you looking for?

သတင်း

မုံးစီးဒေသ MNDAA၏ ပစ်ခတ်မှုကြောင့် အရပ်သား ခြောက်ဦးသေဆုံး

ကွတ်ခိုင်မြို့ နယ် မုံးစီးဒေသ၌ မတ်လ ၅ရက်ကဖြစ်ပွားခဲ့သည့် ကိုးကန့်တပ်မတော် (MNDAA)၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ အရပ်သား ၆ဦးအထိရှိပြီး အားလုံးသည် အရပ်သားများသာဖြစ်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသသတင်းရင်းမြစ်တို့က ပြောသည်။

ဓာတ်ပုံ - မုံးစီးဒေသ၌ အရပ်သားနှင့် KIAရဲဘော်များပစ်ခတ်ခံရမှုအပေါ် MNDAA ရုံးရှေ့တွင် ဒေသခံများဆန္ဒပြနေစဉ်

ဟန်နွေ/People’s Spring

ကွတ်ခိုင်မြို့ နယ် မုံးစီးဒေသ၌ မတ်လ ၅ရက်ကဖြစ်ပွားခဲ့သည့် ကိုးကန့်တပ်မတော် (MNDAA)၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ အရပ်သား ၆ဦးအထိရှိပြီး အားလုံးသည် အရပ်သားများသာဖြစ်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသသတင်းရင်းမြစ်တို့က ပြောသည်။

ဓာတ်ပုံ – မုံးစီးဒေသ၌ အရပ်သားနှင့် KIAရဲဘော်များပစ်ခတ်ခံရမှုအပေါ် MNDAA ရုံးရှေ့တွင် ဒေသခံများဆန္ဒပြနေစဉ်

ယမန်နေ့ ကနဦးသတင်းများအရ မုံးစီးဒေသ ပြိန်းခမ်းရွာအနီး ရွှေတူးဖော်နေသည့် တရုတ်လုပ်ငန်းရှင်များအား ဒေသခံများက ကန့်ကွက် တားစီးရာ ခိုက်ရန်ဖြစ်ပွားပြီးနောက် MNDAAက ပစ်ခတ်၍ ဒေသခံများသေဆုံးခဲ့ခြင်းဟု ဆိုသည်။

သေဆုံးသူများတွင် KIA ၏ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး၊ အရပ်သား ၃ဦး ပါဝင်သည်ဟု သတင်းရင်းမြစ်အချို့က ပြောသော်လည်း ရှမ်းမြောက်ရှိ KIA သတင်းရင်းမြစ်တစ်ဦးက KIA စစ်သား မပါဝင်ဘဲ ကျေးရွာလုံခြုံရေးလူငယ် နှင့် အရပ်သားများသာဖြစ်သည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

“KIA စစ်သားတွေလုံး၀ မပါဘူး။ အဲဒီမှာ ရွာထဲမှာ နေတဲ့ ရွာစောင့်လူငယ်ပိုင်းတွေပါတယ်”ဟု KIA သတင်းရင်းမြစ်က ပြောသည်။

အခြားသတင်းရင်းမြစ်ကလည်း MNDAA၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၆ဦးသေဆုံးခဲ့ပြီး ၇ဦးဒဏ်ရာရခဲ့ကြောင်း နောက်ဆုံးအခြေအနေကို ပြောသည်။

ယမန်နေ့က ပစ်ခတ်မှုဖြစ်စဉ်မှာ တရုတ်လုပ်ငန်းရှင်က ရွှေတူးဖော်မှုပြုလုပ်ရာတွင် စက်ယန္တရား အသုံးပြု တူးဖော်ရန် ကြိုးပမ်းလာမှုအပေါ် ဒေသခံများက ကန့်ကွက်ရာမှ အချင်းများခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” ကျနော်တို့ ပြည်သူတွေက မတူးပေးဖို့ ကန့်ကွက်တာ။ သူတို့က လက်မခံဘဲနဲ့ ဘက်ဟိုးတွေဘာတွေယူပြီးတက်သွားတာပေါ့။ ပြည်သူ့ဘက်ကလည်း အင်အားနဲ့ဘာနဲ့သွားပြီးမှာ မတူးဖို့ရန်အတွက်ပြောတာပေါ့။အဲဒါ သူတို့က ပြန်ဆင်းသွားပြီးမှ ရုံးထဲမှာ ရှိတဲ့ စစ်သားတွေခေါ်ပြီး ပစ်သတ်တာ။ ပြောမယ်ဆိုရင် တော့ သူတို့ ရေစီးချောင်း အပေါ်ပိုင်းမှာရွှေတူးလိုက်ရင် အောက်ဘက်မှာ လယ်ကွက်တွေဘာတွေလုပ်တဲ့ ပြည်သူတွေက လယ်ကွက်လုပ်တဲ့အချိန် စပါးတွေက မကောင်းတော့ဘူး။ အဲဒါ မကောင်းလို့ အဲဒါကို စိုးရိမ်လို့ ပြောတာပါ။ အဲဒါသူတို့က သေနတ်နဲ့ ပစ်သတ်တာပါ။ ၆ယောက်သေတယ်၊ ၆ယောက်ဒဏ်ရာရတယ်”ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သေဆုံးသူများမှာ ကချင်လူမျိုးများဖြစ်ပြီး ယမန်နေ့ ညနေပိုင်းတွင် မုံးစီးရှိ MNDAA တပ်ဖွဲ့ရုံးအနီး သေဆုံးသူများ၏ ရုပ်အလောင်းများ ယူသွားကာ ပြည်သူများက MNDAA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူထံ စာပို့ မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ လည်းဆက်သွယ်မေးမြန်းထားပြီး ပြန်ကြားချက် မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

Trending

Facebook