Connect with us

Hi, what are you looking for?

သတင်း

တရုတ်သတင်းပေးမှုဖြင့်ဖမ်းထားသော ယာယီရမခတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးကိုစစ်ကောင်စီ ပြန်လွှတ်

ဗိုလ်မှူးကြီးထွန်းနိုင်စိုး။ ဓါတ်ပုံ-File Photo

ကဖေး/People’s Spring

ကျားဖြန့်‌ ငွေလိမ်လုပ်ငန်းများတွင် ပါဝင်နေသည်ဟုတရုတ်ရဲတပ်ဖွဲ့၏ သတင်းပေးပို့မှုဖြင့် စစ်​ကောင်စီကဖမ်းဆီးထားသည့် ယာယီအရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တိုင်းမှူးအပါအဝင် လေးဦးအနက် ရမခတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးကို ပြန်လွှတ်လိုက်သည်။

“ဘိုးတော်( စစ်ကောင်စီခေါင်းဆောင်) တက်တဲ့ဗထူးတပ် သင်တန်းဆင်းပွဲကို လှမ်းဖိတ်ပြီး တခါတည်းဖမ်းခေါ်သွားတာ။ နေပြည်တော်ကို။ အခုကတော့ ဗိုလ်မှူးကြီးထွန်းနိုင်စိုး ပြန်လွတ်လာတာမှန်တယ်” ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းခေါင်းဆောင်သည် ဖေ‌ဖော်ဝါရီလ ၂၁ ရက်က ဗထူးတပ်၌ပြုလုပ်ခဲ့သော ဗိုလ်လောင်းသင်တန်းဆင်းပွဲတက်ခဲ့သည်။သင်တန်းဆင်းပွဲသို့ ရှမ်းပြည်နယ်ရှိ ရမခဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများကို ဖိတ်ခဲ့ပြီး ရမခတိုင်းမှူးဗိုလ်ချုပ်မြင့်ကျော်ထွန်း၊ရမခတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုး၊ တန့်ယန်းစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းတင်၊မိုင်းရယ်စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးမြတ်​မော်​အောင်တို့ကို ဖမ်းဆီးခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

သို့​သော်ဗိုလ်မှူးကြီးထွန်းနိုင်စိုးကို မတ်လ ၃ရက်တွင် ပြန်လွှတ်ပေးပြီး ကျန်သုံးဦး ဖမ်းဆီးခံထားရဆဲဟု သတင်းရရှိသည်။

“စသတင်းပေးကတည်းက တရုတ်က အတိအကျပေးတာ။ သူတို့သူသျှိုတွေတောင် ရှိနေတာလေ။ အခုက လူအင်အားမလုံလောက်တော့ ပြန်လွှတ်ပေးနေတာဖြစ်တယ်။ရှမ်းမြောက်မှာ စစ်ဆင်ရေးကိစ္စ‌တွေ ရှိတော့တဖက်လှည့်နဲ့ပြန်လွှတ်ပေးလိုက်တဲ့အနေအထားပါ။ ဗိုလ်မှူးကြီးထွန်းနိုင်စိုးက မိုင်းရယ်ကို ပြန်ရောက်နေပြီ။ တရုတ်ကိုတော့ ဘယ်လိုအစီရင်ခံမလဲ မသိသေးဘူး” ဟု အခြားသတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။

၂၀၂၄ ခုနှစ် ဇူလိုက်လတွင် လားရှိုးမြို့ကို MNDAAနှင့် မဟာမိတ်တပ်များကသိမ်းပိုက်ရန်ထိုးစစ်ဆင် ​​နေစဥ် ရမခတိုင်းမှူးဗိုလ်ချုပ်စိုးတင့်ကို ဖမ်းဆီးခဲ့သည်။ရမခတိုင်းမှူးအဖြစ် မူဆယ်အ‌ခြေစိုက်တပ်မ(၉၉)တပ်မမှူး ဗိုလ်ချုပ် စိုးလှိုင်ကို စစ်ကောင်စီက အစားထိုးခဲ့သည်။ ဗိုလ်ချုပ်စိုးလှိုင်သည် မူဆယ်၌ပင် ဆက်လက်ရှိနေစဉ် လားရှိုးမြို့နှင့် ရမခ ကို MNDAA နှင့်ပူး​ပေါင်းတပ်က သိမ်းပိုက်ခဲ့သည်။

ထို့​ကြောင့် စစ်​ကောင်စီက ဗိုလ်ချုပ်စိုးလှိုင် အား ထပ်မံထုတ်ပယ်ပြီး ကျသွား​သောရမခအစား မိုင်းရယ်မြို့တွင် ယာယီပြန်ဖွဲ့စည်းသည်ဆိုကာ ဗိုလ်ချုပ်မြင့်ကျော်ထွန်းအား တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ဗိုလ်ချုပ်မြင့်ကျော်ထွန်းသည် ယာယီ ရမခတိုင်းမှူးအဖြစ်တာဝန်ထမ်းဆောင်နေသည်မှာ ၇လခန့်သာရှိသေးသည်။

မိုင်းရယ်မြို့တွင် ရမခဌာနချုပ်ယာယီဖွင့်ပြီးနောက် ကျားဖြန့်လုပ်ငန်းများပိုမိုများပြားလာသည်ဟု ဒေသခံများကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇စစ်ဆင်ရေးဆောင်ရွက်နေစဉ် ၂၀၂၄ ခုနှစ် အစောပိုင်းကလည်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ်( လောက်ကိုင်)ဒကစမှူးဗိုလ်မှူးချုပ်‌ဇော်မင်းကိုလည်း စစ်ကောင်စီကဖမ်းဆီးခဲ့ဖူးသည်။ဗိုလ်မှူးချုပ်ဇော်မင်းနှင့် ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် လှမိုးတို့သည် ကျားဖြန့်ဂိုဏ်းများနှင့်ပတ်သက်သည် ဟုဆိုကာ ဖမ်းဆီးစစ်ဆေးရန် တရုတ်ဘက်ကတောင်းဆိုပြီးနောက် ၂၀၂၄ ခုနှစ်မတ်လအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

မေလတွင် ဗိုလ်ချုပ်အောင်လင်းထွန်း၊ဗိုလ်ချုပ်လှမိုးတို့ကို ထောင်ဒဏ်ချမှတ်လိုက်ပြီး ဗိုလ်မှူးချုပ်‌ဇော်မင်းကို သေဒဏ်ချမှတ်ခဲ့သည်။သေဒဏ်ချမှတ်ခံထားရပြီးနောက် ဒိုက်ဦးထောင်တွင် ထိန်းသိမ်းခံထားရစဉ် ဗိုလ်မှူးချုပ်‌ဇော်မင်းသည် စိတ်ကျရောဂါဖြစ်ပြီး ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးစားခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်ကို ကမ္ဘာ့ကုန်သွယ်ရေးနဲ့ စီးပွားရေး စူပါပါဝါ နိုင်ငံကြီးတစ်ခု ဖြစ်လာအောင် အုတ်မြစ်ချပေးခဲ့သူလို့ အသိအမှတ်ပြု ခံရသူ ဝန်ကြီးချုပ်ဟောင်း ကျူးရုန်ကျီဟာ အသက် ၉၇ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ဂြိုဟ်တု တစ်စီးကို တင်ဆောင်သွားတဲ့ ဒုံးပျံကြီးဟာ လွှတ်တင်ပြီး တစ်မိနစ်ခွဲနီးပါး အကြာမှာပဲ အပြင်းအထန် ပေါက်ကွဲ ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်ကို ရန်လို ဖိအားပေးရင်း တရုတ် သင်္ဘောနှစ်စီး တိုက်မိခဲ့တဲ့ ဖြစ်စဉ်မှာ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ် ဆိုတာကို တရုတ်က ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကြောင့် တရုတ်မှာ လူ ၁ သန်းလောက် ယာယီ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။