Hi, what are you looking for?
ကချင်ပြည်နယ်၊ဗန်းမော်မြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်ကအထိနာတာကြောင့် လေကြောင်းပစ်ကူသုံးဗုံးကြဲခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
အာရက္ခတပ်တော် (AA)က သြဂုတ်၄ ရက်မှစတင် တိုက်ခိုက်ခဲ့သော မောင်တောမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ ယနေ့ည(သြဂုတ် ၁၈ည)တွင် သတင်းထုတ်ပြန်သည်။AA က မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် မောင်တောမြို့ခံ ပြည်သူလူထုများကို မြို့ထဲမှထွက်ခွာကြရန် ဇွန်လ ၁၆ရက်တွင်သတိပေးခဲ့ပြီး သြဂုတ် ၄ ရက်မှစ၍ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကာ စစ်စခန်းများကိုသိမ်းပိုင်နိုင်ကြောင်းအသိပေးထားသည်။