Connect with us

Hi, what are you looking for?

သတင်း

မောင်​တောမြို့သိမ်းတိုက်ပွဲ ပြင်းထန်​နေပြီး စစ်​ကောင်စီတပ်ရုပ်အ​လောင်းအမြားအပြားနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ​ကြောင်းAA ထုတ်ပြန်

မြို့သိမ်းတိုက်ပွဲအတွင်း လူသားဒိုင်းအဖြစ်အသုံးပြုခံ​နေရ​သော ပြည်သူ နှစ်​သောင်းခန့်ကို AA ကယ်ထုတ်ခဲ့ဟုအသိ​ပေး

အီယိုရီ/People’s Spring

ရက္ခိုင်ပြည်နယ်မြောက်ပိုင်း အာရက္ခတပ်တော်(AA)၏ မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်​ကောင်စီတပ်သားအလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ ကြောင်း AA က ယနေ့(သြဂုတ် ၁၈ရက်)ညတွင်သတင်းထုတ်ပြန်သည်။

သြဂုတ် ၄ ရက်တွင် စတင်ခဲ့သော မြို့တွင်းတိုက်ပွဲများ ကျယ်ပြန့်လာသောကြောင့် စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းခံနေရသော မောင်တောဒေသခံ ပြည်သူ ၂၀,၀၀၀ နီးပါးအား AAမှ မြို့တွင်းတိုက်ပွဲများကြား၌ ကယ်ထုတ်ထားခဲ့ပြီး မြို့အတွင်း ပိတ်မိနေသောသူများကို ဆက်လက်ကယ်တင်နိုင်ရန် တိုက်ပွဲများကြားထဲမှ ဆက်လက် ကြိုးပမ်းလျက်ရှိကြောင်း အသိပေးသည်။

၂၀၁၄ ခုနှစ်သန်း​ခေါင်စာရင်းအရ ​မောင်​တောမြို့တွင် လူဦး​ရေ ၃၈၁၉၉ ဦးရှိ​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

မောင်တောမြို့သိမ်းတိုက်ပွဲသည် နေ့တိုင်းဖြစ်ပွားလျက်ရှိပြီး AA သည် မောင်တောမြို့ထဲရှိစစ်​ကောင်စီတပ်ဖွဲ့ဝင်များထဲမှ အချို့ကို ချေမှုန်းထားနိုင်ပြီး စစ်​ကောင်စီတပ်စခန်းချတပ်စွဲထားသော နေရာအချို့ကို သိမ်းပိုက် ရရှိထားပြီး ဖြစ်ကြောင်း ထုတ်ပြန်သည်။

သို့သော် စစ်ကောင်စီသည် မောင်တောမြို့၏ ရပ်ကွက် (၁)၊ ရပ်ကွက် (၂)၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ ကညင်တန်း ရပ်ကွက် အစရှိသည့် ရပ်ကွက်များအတွင်းရှိ စစ်ရေးအရ အရေးပါပြီး အချက်အချာကျသော အထပ်မြင့် အဆောက်အအုံများ၊ တိုက်တာအိုးအိမ်များ၊ စာသင်ကျောင်းများ အပါအဝင် အခြားသော နေရာများအား ၎င်းတို့၏ စစ်စခန်းများ အဖြစ် အသုံးပြုပြီး ခုခံစစ်ကိုဆင်နွှဲလျက်ရှိကြောင်း အသိပေးသည်။ စစ်ကောင်စီသည် မောင်တောမြို့တစ်မြို့လုံးအား အဆင့်ဆင့်သော ခုခံစစ်များဖြင့် ပြင်ဆင်ထားသည်ဟု ဆိုသည်။

AA သည် မောင်တောမြို့သိမ်းတိုက်ပွဲအား ဆင်နွှဲရန်အတွက် မောင်တောမြို့ခံ ပြည်သူလူထုများကို မောင်တောမြို့ထဲမှထွက်ခွာကြရန် ဇွန်လ ၁၆ ရက်နေ့ကတည်းကပင် အသိပေးထုတ်ပြန်ခဲ့ရာမောင်တောဒေသခံများထဲတွင် ၎င်းတို့ထုတ်ပြန်ချက်ကို လိုက်နာပြီး မြို့ထဲမှထွက်ခွာကြသူများ ရှိကြသကဲ့သို့ လိုက်နာမှုမရှိကြဘဲ မောင်တောမြို့ထဲတွင် ဆက်လက် နေထိုင်ခဲ့ကြသူများလည်း ရှိကြောင်း ဖော်ပြသည်။ ထို့အတွက် AA သည် မောင်တောင်မြို့သိမ်းတိုက်ပွဲအတွက် ဒေသခံများအား မြို့မှထွက်ခွာရန် တစ်လခွဲခန့် ကြိုတင် အသိပေးခဲ့ခြင်းဖြစ်သည်။

သို့သော် မောင်တောမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားများဖြင့် စွပ်စွဲပြောဆို ရေးသားနေကြသည်များကိုလည်း ဆက်တိုက်တွေ့ရှိနေရပြီး ထိုသို့ သတင်းတု၊ သတင်းမှားများ ရေးသားပြောဆိုနေခြင်းသည် အာရက္ခဒေသအတွင်း လူမျိုးနှစ်ခုအကြား သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်ကြောင်း အလေးအနက် သတိပေးလိုသည်ဟု AA က ဖော်ပြသည်။

လက်ရှိအချိန်အထိ မောင်တောမြို့တွင်းတိုက်ပွဲများမှာ မြို့တွင်းနေရာအနှံ့တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး မြို့တွင်း၌ စစ်ကောင်စီတပ် နှင့် ARSA ၊ RSO ၊ ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုရန်ခေါ်ယူထားသော မောင်တောဒေသခံ ပြည်သူအချို့တို့မှာလည်း ရှိနေဆဲဖြစ်ကြောင်း AA က​ဖော်ပြ သည်။ AA တပ်ဖွဲ့ဝင်များကအဆိုပါ ပြည်သူများကို နေ့စဉ်နှင့်အမျှ ကယ်ထုတ်နေရဆဲပင် ဖြစ်သည်ဟု ဆိုသည်။

ခေတ်ကာလအဆက်ဆက်၌ အာရက္ခဒေသအတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်း၊ အကြမ်းဖက်ကိစ္စရပ်များ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ၏ အဓိက လက်သည်တရားခံများမှာ စစ်အစိုးရအဆက်ဆက် နှင့် စစ်တပ်ပင်ဖြစ်ကြောင်း AA က ထုတ်ပြန်သည်။

ထို့အတူ ယခုရက်သတ္တပတ်များ အပါအဝင် လွန်ခဲ့သောလများ၌ ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်မှုဖြစ်ရပ်တိုင်းသည် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်များသာဖြစ်ပြီး ၎င်းတို့နှင့်အတူ ARSA ၊ RSO ၊ ARA ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့များကပါ အလိုတူအလိုပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော လုပ်ဆောင်ချက်များပင်ဖြစ်ကြောင်းဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။