Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် ရဲတပ်သားတစ်ဦး ပကဖထံ အလင်းဝင်လာ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ရဲတပ်သားတစ်ဦး တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာသည်။

အလင်းဝင်လာသော ရဲတပ်သားက လက်နက်အပ်နှံနေစဥ်။ ဓာတ်ပုံ-တောင်သာပကဖ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ရဲတပ်သားတစ်ဦး တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာသည်။

သြဂုတ် ၁၇ရက်က မှော်ဘီမြို့ရှိ ရဲတပ်ရင်း(၅)မှ ရဲတပ်သား မျိုးချစ်သူသည် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ G-3အမျိုးအစား တစ်လက်၊ ကျည် ၁၅၀ တောင့်၊ လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း တောင်သာပကဖ၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“သူက သပိတ်ကျင်းဇာတိ။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်က သပိတ်ကျင်းကနေ မြဝတီဘက်ကိုအသွားမှာ ဖုန်းစစ်တဲ့အချိန်မှာ PDF တွေနဲ့ဆက်သွယ်ထားတာ PDF ထဲဝင်ဖို့။ တွေ့တော့ အဖမ်းခံရပြီးတော့ သူ့ကို ထောင်ကျခံမလား ရဲထဲလုပ်မလား ရဲထဲဝင်လုပ်တာ။ မှော်ဘီရဲတပ်ရင်း(၅)မှာ။”ဟု တောင်သာပကဖ၏ တာဝန်ရှိသူက ပြောသည်။

၎င်းအား ကျပ်သိန်း၅ဝ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း တောင်သာပကဖက အသိပေးသည်။

သြဂုတ် ၁ဝရက်က စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။