Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့ စစ်ကောင်စီကင်းပုန်းနှင့် မောင်းမကန်ရဲစခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဆင်ဆိပ်ရပ် ကွက် ရှိ စစ်ကောင်စီကင်းပုန်းများကို တိုက်ခိုက်ခြင်းနှင့် မောင်းမကန်ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း ထားဝယ်မြို့နယ်ရှိ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဆင်ဆိပ်ရပ် ကွက် ရှိ စစ်ကောင်စီကင်းပုန်းများကို တိုက်ခိုက်ခြင်းနှင့် မောင်းမကန်ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း ထားဝယ်မြို့နယ်ရှိ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(သြဂုတ် ၁၇ ရက်)ညနေ ၅နာရီခန့်က ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်လမ်းဆုံ၌ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဆင်ဆိပ်လမ်းဆုံနေရာတွင် သြဂုတ် ၁၅ ရက်က စစ်ကောင်စီနယ်လုံဝန်ကြီးဗိုလ်မှူးကြီးမင်းမင်းလတ် လိုက်ပါလာသည့် ယာဥ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီးနောက် ယင်းလမ်းဆုံတွင် ကင်းပုန်းများချ ထားခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“အဲနေရာမှာ တိုက်ပွဲဖြစ်ထားတဲ့အခါကျတော့ စစ်ကောင်စီက ကင်းပုန်းတွေချထားတယ်။ မနေ့ညနေကတော့ အဲဒီကင်းပုန်းတွေကို ထပ်လာတိုက်တာပေါ့။ လာတိုက်တဲ့အခါမှာ မြို့ထဲလည်းဖြစ်တဲ့အခါကျတော့ စစ်ကူက ချက်ချင်းရောက် တယ်။ ရောက်တဲ့အခါကျတော့ တိုက်ပွဲအကြီးအကျယ်ဖြစ်ကြတယ်ပေါ့။ လက်နက်ကြီးတွေလည်း ပစ်တယ်”ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ဆင်ဆိပ်ရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကိုလည်း သြဂုတ် ၁၅ ရက်(နယ်လုံယာဥ်တန်းလာသည့်နေ့)တွင် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ယမန်နေ့က ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်အတွင်း တိုက်ခိုက်မှုဖြစ်ပွားနေချိန် ထားဝယ်မြို့နှင့် ၁၀ မိုင်ခန့်သာဝေးသည့် မောင်းမကန်ရဲစခန်းကိုလည်း တော်လှန်ရေးတပ်များက ယင်းနေ့ညနေ ၄ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲအခြေအနေ ပြင်းထန်ခဲ့ပြီး ည ၇နာရီခန့်မှ သာ ပစ်ခတ်သံများငြိမ်သွားသည်ဟု ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသော်လည်း တိုက်ပွဲရလဒ်အား မသိရသေးပေ။

“မောင်းမကန်စခန်းတိုက်ခိုက်ခံရပြီးချိန်မှာ လောင်းလုံးမြို့အခြေစိုက် ခလရ ၁၀၄ ကိုအင်အားအသည်းသန်ဖြည့်နေတယ်ဗျ။ စစ် ကြောင်းထိုးမလား မပြောတတ်ဘူး”ဟု လောင်းလုံးမြို့နယ်၊ မောင်မကန်စခန်းတိုက် ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်လှုပ်ရှားမှုအခြေအနေကို စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အထက်ပါ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီက ထားဝယ်မြို့ပေါ်နေရာအနှံ့ လုံခြုံရေးတင်းကြပ်ထားသည့်အပြင် မောင်မကန်စခန်းနှင့်နီးသည့် ခလရ(၁၀၄)တပ်ရင်းသို့ အင်အားများထပ်ဖြည့်ထားကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

Facebook