Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကင်းရှင်းရန်အကြံပြုချက် TNLA ထုတ်ပြန်

လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကင်းရှင်းအောင် ကာကွယ်ခြင်းနှင့်ပတ်သက်သည့် အကြံပြုချက်ကို တအာင်းတပ်မတော်(TNLA)က ယနေ့ အသိပေးထုတ်ပြန်လိုက်သည်။

သီပေါမြို့တွင် ဗုံးကြဲတိုက်ခိုက်နေသော စစ်ကောင်စီ​၏ Y-12လေယာဉ်တစ်စီးအား တွေ့ရစဉ်။ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကင်းရှင်းအောင် ကာကွယ်ခြင်းနှင့်ပတ်သက်သည့် အကြံပြုချက်ကို တအာင်းတပ်မတော်(TNLA)က ယနေ့ အသိပေးထုတ်ပြန်လိုက်သည်။

TNLAသည် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသကဲ့သို့ တအာင်းဒေသ အပါအဝင် ရှမ်းမြောက်ဒေသ၌ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏရင်ဆိုင်နေရသည့်အခြေအနေတွင် TNLAက လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ အကြံပြုချက်ကို ထုတ်ပြန်လာခြင်းဖြစ်သည်။ ထိုသို့ ထုတ်ပြန်ရာ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြု လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုများအတွင်း ဘေးအန္တရာယ်ကင်းရှင်းအောင် ကာကွယ်ခြင်း

လေကြောင်းတိုက်ခိုက်မှု ကြုံလာပါက ပုန်းခိုစရာနေရာရှာရန် ဦးစွာဖော်ပြထားပြီး လေကြောင်းရန် ကြုံလာပါက ဗုံးခိုကျင်း၊ မြေအောက်ခန်းစသည့်နေရာများကို ရွေးချယ်ရန်အကြံပြုထားသည်။

မာကြောသည့် နံရံမျက်နှာပြင်များနှင့် ဖိကပ်မထားသင့်ကြောင်း၊ မြေပြင်တုန်ခါပါက ဖြစ်ပေါ်လာသည့် ရိုက်ခတ်မှုကြောင့် ဒဏ်ရာအနာတရဖြစ်နိုင်ကြောင်း အသိပေးသည်။

လမ်းပေါ်၊ ကွင်းပြင်၌ ရောက်နေပါက နီးစပ်ရာအဆောက်အဦးသို့ ဦးတည်၍ အမြန်ဆုံးသွားရန်၊ မြေအောက်ပုန်းခိုကျင်းရှာမတွေ့ပါက အဆောက်အဦး တစ်ခု၏အနိမ့်ဆုံးအပိုင်း၌ ခိုအောင်းနေရန်၊ပြတင်းပေါက်များနှင့် ဝေးရာ၌နေရန်၊ ဖြစ်နိုင်ပါက ပြတင်းပေါက်များကိုတိပ်ကပ်ပြီး ပလက်စတစ်အစနှင့် ထပ်ကာထားရန် အကြံပြုထားသည်။

အကယ်၍ ဟင်းလင်းပြင်နေရာရောက်ရှိနေပြီး ခိုလှုံစရာနေရာရှာမတွေ့ပါက မြေပြင်၏ အနိမ့်ဆုံးအပိုင်းကိုရွေးချယ်ရန်၊ ဥပမာလျှိုကဲ့သို့သောနေရာမျိုး၌မှောက်နေရန်အကြံပြုထားသည်။

ပေါက်ကွဲလွင့်စင်စေသည့်ဗုံးအစအနများသည် အထက်ပိုင်းသို့ပျံတက်လေ့ရှိ၍ မြေပြင်နှင့် ကပ်နေပါက အန္တရာယ်အကင်းဆုံးဟု သတ်မှတ်နိုင်ကြောင်း အသိပေးသည်။

ဝပ်နေသည့်အချိန်တွင် မျက်နှာကို မြေကြီးနှင့်ကပ်ထားပြီး ခေါင်းအနောက် လက်နှင့်ယှက်ပြီး ကာထားရန်၊ မြေကြီးပေါ် ဝပ်နေချိန် ရင်ဘတ်ကိုမြေကြီးပေါ် ကပ်မထားရန် လိုအပ်ကြောင်းဖော်ပြသည်။

ခန္ဓာကိုယ်အနှံ့မီးလောင်မလွယ်စေသည့် ပစ္စည်းများဖြင့်ဖုံးလွှမ်းကာကွယ်ထားသင့်ကြောင်း၊ အပျက်အစီး အစအနများ မျက်လုံးထဲသို့ လွင့်စင်မသွားစေရန် မျက်လုံးကို မှိတ်ထားရန်၊

အဆုပ်ထိခိုက်နိုင်ခြေမှ ကာကွယ်ရန်ပါးစပ်ကို အနည်းငယ်ဟထားရန် လမ်းညွှန်ထားသည်။

နေအိမ်၏ အလုံခြုံဆုံး အခန်းကို ကြိုတင်စဉ်းစားရွေးချယ်သင့်ကြောင်း၊ သောက်သုံးရေနှင့်အစားအသောက်ရရှိနိုင်ရေး ကြိုတင်စီမံထားရန်၊ လျှပ်စစ်မီးနှင့် ဂတ်စ်ပိုက်လိုင်းများ ပိတ်ထားရန်အကြံပြုထားသည်။

တိုက်ပွဲဖြစ်ပွားရာဒေသများ၌ လေကြောင်း တိုက်ခိုက်မှုများကို ထွက်ကြည့်ခြင်းနှင့်အိမ်အပြင်ထွက်ပြီး လေကြောင်း တိုက်ခိုက်မှုကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း လုံး၀မလုပ်ရန် စသည့် ရှောင်ရှားရန် အချက်များကို အသိပေးထားသည်။ ထို့ပြင် ပြတင်းပေါက်နှင့်နီးကပ်သည့်နေရာများ၌ ပုံးခိုခြင်း၊ နံရံပေါ်မှီခြင်း၊လူစုလူဝေး လုပ်ခြင်းများ မပြုလုပ်သင့်ဟု သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လေကြောင်းရန် လက်တွေ့ကာကွယ်ပေးနိုင်ရန် ညှိနှိုင်းစရာများ အမြန်ဆုံးအကောင်အထည်ဖော်နေဟု TNLA အသိပေး

သတင်း

အမတ (၃၅၄)တပ်နှင့် မစခ(၉၀၂)တပ်နေရာများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများ လေထီးဖြင့်ဖြည့်တင်းဟုဆို

သတင်း

လတ်တလော စစ်ရေးနှင့် ရာသီဥတုအခြေအနေများကြောင့် စစ်ကောင်စီလေကြောင်းအန္တရာယ် အပြင် ရေဘေးအန္တရာယ်ပါ သတိပြုနေထိုင်ကြရန် ဒေသခံပြည်သူများအား အရပ်ဖက်အဖွဲ့အစည်းများနှင့်တော်လှန်ရေးအင်အားစုများကတော့ သတိပေးနေကြသည်။

Facebook