သတင်း မြင်းခြံတွင် သတင်းလာစုံစမ်းသည့် ရဲနှင့် ပျူစောထီးကို PDFများဖမ်းဆီး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် PDFသတင်းလာစုံစမ်းသည့် ဆီမီးခုံရဲစခန်းမှ ရဲတစ်ဦးနှင့် ပျူစောထီးတစ်ဦးအား PDFများက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ludunwayooဩဂုတ် 12, 2024
သတင်း သီပေါမြို့တွင် တိုက်ပွဲများပြင်းထန်ပြီး ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင် သီပေါမြို့တွင် ယမန်နေ့(ဩဂုတ်လ ၁၁ရက်)ညပိုင်းအထိတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း ယနေ့နံနက်ပိုင်း အခြေအနေတည်ငြိမ်နေပြီး မြို့ခံအများအပြားသည် ကျောက်မဲမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင်နေကြကြောင်းသတင်းရရှိသည်။ ludunwayooဩဂုတ် 12, 2024
သတင်း သာယာဝတီထောင်ဆီ ထောင်ပြောင်းခံရတဲ့နိုင်ကျဉ်းတွေ ညှဉ်းပန်းခံရ အင်းစိန်အကျဉ်းထောင်ကနေ သာယာဝတီထောင်ဆီ ဇွန်လအတွင်း ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရး အကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ မိသားစုဝင်အချို့ထံကသိရပါတယ်။ ludunwayooဩဂုတ် 12, 2024
သတင်း ဟားခါးမြို့နှင့် မိုင်အနည်းငယ်အကွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ် ထပ်မံသိမ်းပိုက် ချင်းပြည်နယ် ဟားခါးမြို့အနီး စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် (CNA)၊ချင်းဒေသကာကွယ်ရေးတပ်(CDF)များ စုပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ဟု ချင်းဒေသသတင်းရင်းမြစ်က ပြောသည်။ ludunwayooဩဂုတ် 12, 2024
သတင်း တောင်သာမြို့အဝင်တွင် စစ်တပ်၏ပစ်ခတ်မှုကြောင့် ပြည်သူ၂ဦးကျည်ထိပြီး အရေးပေါ်ဆေးကုသရန် လိုအပ်နေ တောင်သာတိုက်ပွဲပြင်းထန်နေ စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးဖြင့်ပစ်ကူပေး ludunwayooဩဂုတ် 12, 2024
သတင်း ယင်းမာပင် ပျူရွာစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး ပစ်ကူသုံးခုခံ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ စစ်ကောင်စီ ၏ အခိုင်အမာစခန်းဖြစ်သည့် ဘန့်ဘွေးရွာမ ပျူစောထီးကျေးရွာစခန်းသိမ်းပိုက်နိုင်ရေး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူအသုံးပြုခုခံခဲ့၍ အပြီးသတ်သိမ်းယူနိုင်ခြင်းမရှိခဲ့ပေ။ ludunwayooဩဂုတ် 12, 2024
သတင်း ဆန့်ကျင်တိုက်ပွဲဝင်မှု အရှိန်ပြင်းထန်လွန်း၍ စစ်အုပ်စု မထိန်းနိုင်တော့ဘဲ စစ်အာဏာရှင်ချုပ်ငြိမ်းမည့် အခြေအနေဖြစ်လာဟု KNU ဥက္ကဋ္ဌပြော သတိရှိရှိ တိုက်ပွဲဝင်ကြရန် KNLAက ကရင်အာဇာနည်နေ့သို့ သဝဏ်လွှာပို့ ludunwayooဩဂုတ် 12, 2024
သတင်း သူ့ရဲ့ ဝန်ကြီးချုပ်ရာထူး စွန့်လွှတ်ရမှု နောက်ကွယ်မှာ အမေရိကန် စွက်ဖက်မှုတွေ ရှိနိုင်တယ်လို့ ဟာဆီနာ စွပ်စွဲ သူ့ကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားဖို့ အမေရိကန်က နောက်ကွယ်ကနေ ကြိုးကိုင် တွန်းအားပေးမှုတွေ ရှိခဲ့နိုင်တယ်လို့ ရှိတ်ခ်ဟာဆီနာက သူ့ရဲ့ မပြောဖြစ်ခဲ့တဲ့ မိန့်ခွန်းထဲမှာ စွပ်စွဲထားခဲ့ကြောင်း သိရပါတယ်။ ludunwayooဩဂုတ် 12, 2024
သတင်း သပိတ်ကျင်းနယ် ဇရပ်ကွင်းရဲကင်းစခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ဇရပ်ကွင်းရဲကင်းစခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စုစုပေါင်း စစ်ကောင်စီ၏ တပ်စခန်း၉ခုအထိ သိမ်းပိုက်ရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ (ဩဂုတ် ၁၂ရက်) နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။ ludunwayooဩဂုတ် 12, 2024
သတင်း တောင်သာမြို့ရဲစခန်းအပါအဝင် နေရာလေးခုတွင် တိုက်ပွဲဖြစ်နေ မန္တလေးတိုင်း၊ တောင်သာမြို့ရဲစခန်းအပါအဝင် နေရာ လေးခုတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ludunwayooဩဂုတ် 12, 2024