Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့အဝင်တွင် စစ်တပ်၏ပစ်ခတ်မှုကြောင့် ပြည်သူ၂ဦးကျည်ထိပြီး အရေးပေါ်ဆေးကုသရန် လိုအပ်နေ

တောင်သာတိုက်ပွဲပြင်းထန်​နေ စစ်​ကောင်စီတပ်က ​​လေ​ကြောင်း၊လက်နက်ကြီးဖြင့်ပစ်ကူ​ပေး

တောင်သာမြို့နယ် နှင့် အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရမှု

အင်ကြင်း ၊မိထက်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့အဝင်တွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ကျည်ထိမှန်ထားပြီး အရေးပေါ်ဆေးကုသရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ယနေ့(သြဂုတ်၁၂ရက်) နံနက် ၄ နာရီခွဲခန့်ကစတင်ဖြစ်ပွားနေသော တောင်သာမြို့ပေါ်တိုက်ပွဲတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် မြို့အဝင်ဟိန်းဆီဆိုင်၌ ကားပေါ်ပါ အမျိုးသားနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိထားပြီး အရေးပေါ်ဆေးကုသရန်လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရသူများမှာ မြင်းခြံအမှတ်(၂)ရပ်ကွက်မှ ကိုအောင်ချစ်မိုး နှင့်ကိုဖိုးထွန်း ဆိုသူတို့ဖြစ်သည်။

“ကိုဖိုးထွန်းဆိုသူမှာ အသားတွေဝါနေပြီဖြစ်ပြီး ကိုအောင်ချစ်မိုးမှာတော့ အသက်ရှုကြပ်နေလျက်ရှိပြီး အသက်အန္တရာယ်စိုးရိမ်နေရပါတယ်။”ဟု မြင်းခြံ Newsက ရေးသားသည်။

ထို့အပြင် အခြားထပ်မံပစ်ခတ်ခံရသူများလည်း ရှိနေကြောင်း သိရသည်။

“အရပ်သားထိခိုက်မှုရှိတယ်ကြားတယ်။ လူနာသွားမကောက်ရဲကြဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

​တောင်သာမြို့နယ်တွင် တိုက်ပွဲပြင်းထန်​နေပြီး စစ်​ကောင်စီတပ်က​လေ​ကြောင်းမှပစ်ကူ​ပေး​နေသည်။

“တိုက်ပွဲပြင်းထန်နေပါတယ်ဗျ။ စစ်ကောင်စီရဲ့ အထည်ချုပ်စက်ရုံလည်း မီးအရမ်းလောင်နေပါတယ်။ အခုမနက်တင် လေကြောင်းကနေ သုံးကြိမ်လာပစ်သွားပါပြီ” ဟု မြေပြင်စစ်ရေးသတင်းမြစ်တစ်ဦးကပြောသည်။

PDFများက ယ​နေ့(သြဂုတ် ၁၂) နံနက်၅ နာရီ​​ကျော်တွင် တောင်သာမြို့ရဲစခန်း၊ တောင်သာ-မိတ္ထီလာလမ်းမပေါ်ရှိ ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံအနီးမှ စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ၊ မြင်းခြံအထွက် စစ်တပ်ပိုင်မြန်မာ့စီးပွားရေး ကော်ပရေးရှင်း (MEC )၏ အမှတ်(၁၀) ချည်မျှင်နှင့်အထည်စက်ရုံမှ စစ်ကောင်စီတပ်နှင့် ဘုရားလှပျူရွာတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်​​နေခြင်းဖြစ်သည်။

တိုက်ပွဲများမှာ နံနက် ၁၁ နာရီခန့်အထိ တိုက်ပွဲပြင်းထန်နေသလိုချည်မျှင်နှင့်အထည်စက်ရုံလည်း မီးလောင်နေဆဲဟုသတင်းရရှိသည်။

စစ်​ကောင်စီတပ်က ​လေ​​ကြောင်းပစ်ကူ​ပေးသည့်အပြင် မြင်းခြံ ခမရ(၁၅)တပ်မှလည်း လက်

နက်ကြီးများပစ်ကူနေကြောင်း သိရသည်။

သြဂုတ်၁ဝရက် နံနက်ပိုင်းက စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့ရာ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲ၌ စစ်ကောင်စီတပ်စခန်း၄ခုကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။

ထို့အပြင် တောင်သာမြို့နယ်၊ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှု၌ စစ်အုပ်စုဝင် ၆ ဦး သေဆုံးပြီး ၅ ဦးပျောက်ဆုံးကာ သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ဆင်ရေးကာလအတွင်း မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း နှင့် မြင်းခြံ -တောင်သာလမ်းပိုင်းများအား လတ်တလော ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ပြည်သူများအား ဒေသကာ​ကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

မြင်းခြံခရိုင်အထူးစစ်ဆင်​ရေး ၏ နွားထိုးကြီးတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်ခဲ့​သော PDFများ / မြင်းခြံခရိုင်တပ်ရင်းမှ PDFများ။ဓါတ်ပုံ-NPDF ၊ 27 RF

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။