Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းနယ် ဇရပ်ကွင်းရဲကင်းစခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ဇရပ်ကွင်းရဲကင်းစခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စုစုပေါင်း စစ်ကောင်စီ​၏ တပ်စခန်း၉ခုအထိ သိမ်းပိုက်ရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ (ဩဂုတ် ၁၂ရက်) နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

သိမ်းပိုက်ရရှိခဲ့သော ဇရပ်ကွင်းရဲကင်းစခန်းအား တွေ့ရစဥ်။ဓာတ်ပုံ-MDY_PDF

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ဇရပ်ကွင်းရဲကင်းစခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စုစုပေါင်း စစ်ကောင်စီ​၏ တပ်စခန်း၉ခုအထိ သိမ်းပိုက်ရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ (ဩဂုတ် ၁၂ရက်) နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဩဂုတ် ၁၁ရက်)က သပိတ်ကျင်းမြို့နယ် ၊ ဇရပ်ကွင်းရဲကင်းစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သောကြောင့် သပိတ်ကျင်းမြို့နယ်အတွင်း တပ်စခန်း၉ခုအထိ သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း မန္တလေး PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းမြို့ကိုလည်း PDFများကတိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။

မန္တလေး PDFသည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကွင်း၃၀ရွာစခန်း ၊ လက်ပံပြန့်ရွာ စခန်း ၊ ဖိုကုန်း စခန်း ၊ ဝက်သေရွာ စခန်း၊ ဖက်ရှည်ရွာ စခန်း၊ ခလရ (၁၄၈) တပ်စခန်း ၊ ကျောက်ဖြူရွာ စခန်းနှင့် လိပ်ကျရွာ စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့သည်။

သိမ်းပိုက်ရရှိခဲ့သော ဇရပ်ကွင်းရဲကင်းစခန်းအား တွေ့ရစဥ်။ဓာတ်ပုံ-MDY_PDF

မန္တလေး PDFသည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

သင်္ဘောစောင့်စစ်သားတွေ ထွက်ပြေး၊ ၁၀၇ မမ လက်နက်ကြီးကြောင့် သင်္ဘောရေဝင်နေ

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။