Connect with us

Hi, what are you looking for?

သတင်း

သာယာဝတီထောင်ဆီ ထောင်ပြောင်းခံရတဲ့နိုင်ကျဉ်းတွေ ညှဉ်းပန်းခံရ

အင်းစိန်အကျဉ်းထောင်ကနေ သာယာဝတီထောင်ဆီ ဇွန်လအတွင်း ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရး အကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ မိသားစုဝင်အချို့ထံကသိရပါတယ်။

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သာယာဝတီအကျဉ်းထောင်

ဆိုင်းမင်း/People’s Spring

အင်းစိန်အကျဉ်းထောင်ကနေ သာယာဝတီထောင်ဆီ ဇွန်လအတွင်း ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရး အကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ မိသားစုဝင်အချို့ထံကသိရပါတယ်။

ထောင်ကို စတင်ရောက်ရှိချိန်ထောင်ဗူးဝမှာကတည်းက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပုံစံထိုင်ခိုင်းပြီး အကြောင်းမဲ့ ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ နိုင်ကျဉ်းမိသားစုဝင် က ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

အကျဉ်းထောင်ဝန်ထမ်းတွေဟာ ဆဲဆို ကြိမ်းမောင်းတာ ၊ နံပါတ်တုတ်၊ ရာဘာကြိုးတွေနဲ့ အပြင်းအထန် ရိုက်နှက်တာ ၊ ခြေချင်းထောက်ခတ်တာအပြင် တိုက်ပိတ်တာတွေကိုပါ လုပ်ဆောင်နေတာပါ။

တိုက်ပိတ်ခံရသူအကျဉ်းသား ၃ဦးထက်မနည်းရှိတယ်လို့သိရပါတယ်။

” ကျမသားလေးက အမြင်မတော်တာကို ဝင်ပြောမိလို့ ဝန်ထမ်းတွေက ဝိုင်းရိုက်တာ၊ပြီးတော့ တိုက်ပိတ်ခံလိုက်ရတယ်”လို့ နိုင်ငံရေးပုဒ်မနဲ့ ထောင်တသက်တကျွန်းခံနေရသူရဲ့ မိခင်ဖြစ်သူကပြောပါတယ်။

သာယာဝတီထောင်ဆီ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုထောင်အာဏာပိုင်တွေ ဟာ ဖိနှိပ်တာ ၊ ရိုက်နှက် တာတွေကို ရည်ရွယ်ချက်ရှိရှိပြုလုပ်နေတာလို့ အဲဒီထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးကလည်းပြောပြပါတယ်။

“ နိုင်ကျဉ်းအမျိုးသားတွေဆို ထောင်ဗူးဝမှာ တင်တယောက်ချင်း ရိုက်တာ ၊ ရိုက်တဲ့သံတွေထောင်ထဲက အတိုင်းသားကြားရတာ ” လို့ အဲဒီနိုင်ငံရေးအကျဉ်းသူဟောင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပဲခူးတိုင်းက ဒိုက်ဦးထောင်နဲ့ သာယာဝတီ ထောင်တွေ ဆီ ပို့လိုက်တာပါ။

သာယာဝတီထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ရာမှာ ကိုလိုနီခေတ်ကနေ စစ်အစိုးရ အဆက်ဆက်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ထောင်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။