Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့နှင့် မိုင်အနည်းငယ်အကွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်

ချင်းပြည်နယ် ဟားခါးမြို့အနီး စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် (CNA)၊ချင်းဒေသကာကွယ်ရေးတပ်(CDF)များ စုပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ဟု ချင်းဒေသသတင်းရင်းမြစ်က ပြောသည်။

ချင်းဒေသကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Chinland News

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါးမြို့အနီး စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် (CNA)၊ချင်းဒေသကာကွယ်ရေးတပ်(CDF)များ စုပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ဟု ချင်းဒေသသတင်းရင်းမြစ်က ပြောသည်။

ဩဂုတ် ၁၂ရက် နံနက်တွင် ဟားခါးမြို့နှင့် (၃)မိုင်ခန့်အကွာရှိ ကေးဘန်းဇွမ် (keivaangzuang) စစ်စခန်းကို ချင်းပြည်အစိုးရ တပ်(ချင်းပြည်ကောင်စီတပ်ပေါင်းစု)က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“သိမ်းနိုင်တာ အတည်ပြုလို့ရပြီ။ ပြီးရင် လက်နက်တချို့ရတယ်။ စကစဘက်မှာ ကျဆုံးတာတွေ ဒဏ်ရာရတာတွေလည်းရှိတယ်တဲ့”ဟု ချင်းသတင်းရင်းမြစ်က ချင်းပြည်အစိုးရ တပ်ဖွဲ့ဝင် အချို့ကို ကိုးကား ပြောသည်။

ဟားခါး-ထန်တလန်ကြားရှိ သီမြစ်ချောင်း တံတားအနီး တောင်တန်း၌ စစ်ကောင်စီတပ်စခန်း ၂ခုရှိရာ ယင်းအနက် တစ်ခုကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ထန်တလန်မြို့ပေါ်လည်း ချင်းပြည်ကောင်စီ ပူးပေါင်းတပ်နှင့် စစ်ကောင်စီ အကြား တိုက်ပွဲပြင်းထန်နေသည်ဟု ဆိုသည်။

ချင်းပူးပေါင်းတပ်သည် ထန်တလန်ရှိ ခလရ(၂၆၉) တပ်စခန်းကုန်းကို ဩဂုတ် ပထမပတ်အတွင်းက သိမ်းပိုက်ထားပြီး အဆိုပါ တပ်စခန်းမှ မြို့အတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။

“စကစတွေက မြို့ထဲမှာ ပုန်းခိုတပ်စွဲထားတယ်။ အိုးအိမ် ဦးစီးဌာနမှာ အခိုင်အမာ နေရာယူတပ်စွဲထားတယ်။ ဘန်ကာနဲ့ အဲဒီလိုမျိုးနဲ့။ အဲဒီမှာ ရှိတဲ့သူတွေနဲ့ တိုက်ပွဲရှိတယ်လို့ သတင်းကြားရတယ်။”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ချင်းပြည်ကောင်စီ ပူးပေါင်းတပ်သည် ထန်တလန်- ဟားခါးကြားရှိစစ်ကောင်စီတပ်များကို ဇူလိုင် ၂၂ရက်မှ စတင်ထိုးစစ်ဆင်ခဲ့ရာ တစ်ပတ်အတွင်း အော်တိုတောင်တပ်စခန်းအပါအဝင် တပ်စခန်း ၆ခုကို သိမ်းပိုက်ရရှိခဲ့သည်။

စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိဲခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းများစွာကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က ရရှိခဲ့သည်။

ထို့နောက် ထန်တလန်မြို့တွင်း စစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်။ ယနေ့ ဩဂုတ် ၁၂ရက်တွင်မူ ဟားခါးမြို့အနီးရှိ စစ်ကောင်စီ စခန်းကို စတင်တိုက်ခိုက်လာခြင်းလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်တပ် ၁၁ဦးသေ၊ အရာရှိလည်းပါဝင်ဟု CNA ခန့်မှန်း

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းနဲ့ ဟားခါးမြို့နယ်ကြားမှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။